DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် လူတစ်ဦး သေနတ်ပစ်ခံရ
DVB
·
October 4, 2016
ဖားကန့်တွင် လူတစ်ဦး သေနတ်ပစ်ခံရ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ အောက်တိုဘာ ၃ ရက် ည ၁၁ နာရီလောက်က လူတဦး သေနတ်ပစ်ခံခဲ့ရပါတယ်။

အပစ်ခံရသူမှာ ဆိုင်းတောင်ရွာ ရပ်ကွက် ၁  မှာ နေထိုင်သူ ကိုကျော်မျိုးဆိုသူ ဖြစ်ပြီး အမေ့ အိမ်အခွေငှားဆိုင်ရှေ့ လမ်းပေါ်မှာ အပစ်ခံရတာလို့ ဖားကန့်ဒေသခံ ကိုဇော်မိုးထက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီအပစ်ခံရတာတော့ ကျနော်မမြင်ပါဘူး။ ဒါပေမယ့် ဆိုင်းတောင်မှာရှိတဲ့ အသိတွေက ကျနော့်ကို လှမ်းပြောပြတယ်၊ ဘယ်သူပစ်သွားလဲမသိဘူး၊ သူ့ရဲ့နောက်ကျောမှာ ကျည် ၂ ချက်မှန်တယ်၊ ဖောက်ထွက်သွားတယ်လို့လည်း ပြောတယ်။ အခုဖားကန့်ဆေးရုံမှာတဲ့၊ ဒဏ်ရာအခြေအနေတော့ မသိရဘူး၊ ဆေးရုံကိုလည်း ဖုန်းဆက်လို့မရဘူး။”

အပစ်ခံရသူ ကိုကျော်မျိုးမှာ အသက် ၄၀ ကျော် အရွယ်ဖြစ်ပြီး မြန်မာပြည်ဘက်ကနေ လာရောက်လုပ်ကိုင်စားသောက်နေတာဖြစ်ကြောင်း၊ သူဟာ အရင်ကစစ်တပ်ရှေ့မှာ စေတနာ မွန်ဆိုတဲ့ ဆံပင်ညှပ်ဆိုင် ဖွင့်ခဲ့သေးကြောင်း၊ အခုနောက်ပိုင်း ကြုံရာကျပန်းလုပ်ကိုင်ပြီး စစ်တပ်အသိုင်းအ၀ိုင်းနဲ့လည်း ရင်းနှီးတဲ့အတွက် သတင်းပေးထင်ပြီး ပစ်ခတ်သွားတာ ဖြစ်နိုင်တယ်လို့ ကိုဇော်မိုးထက်က ထင်ကြေးပေးပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲစခန်း၊ ဆေးရုံ၊ အုပ်ချုပ်ရေးပိုင်းကို ဆက်သွယ်မေးမြန်းလို့ မရသေးသလို နယ်မြေခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

ဖားကန့်မှာ ဒီနှစ်ထဲ ကိုကျော်မျိုးအပါအ၀င် လူ ၃ ယောက် အပစ်ခံခဲ့ရပြီး တရားခံကို ရဲတပ်ဖွဲ့မှ ကနေ့ထိ စုံစမ်းဖော်ထုတ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013