ပခုက္ကူတွင် ရေလုပ်သား ၁၀၀ ကျော် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
October 4, 2016

1 / 6
ပခုက္ကူမြို့မှာ ရေလုပ်သား ၁၀၀ ကျော်က ငါးလုပ်ငန်းဥပဒေနဲ့အညီ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဒီနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ရေလုပ်သား ၁၀၀ ကျော်က ငါးဖမ်းကိရိယာတွေ လိုင်စင်ချထားရေး၊ ဧရာဝတီမြစ်ကြောင်းတလျှောက် ရေလုပ်သားတွေ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေး၊ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဥပဒေနှင့်အညီ ရေလုပ်သားများ လုပ်ကိုင်ခွင့်ရရှိရေး စတဲ့အချက်တွေ အပါအဝင် တောင်းဆိုချက် ငါးချက်ကို တောင်းဆိုခဲ့ကြပါတယ်။
ရေလုပ်သားတွေဟာ ပခုက္ကူမြို့ ဘုံမမြစ်ကမ်းခြေကနေ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရှေ့အထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။










