DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ၀မ်းတွင်းတွင် လူတဦး ချောင်းရေနှင့်မျောပါ (သတင်းဓာတ်ပုံ)
DVB
·
October 4, 2016
မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ၀မ်းတွင်းတွင် လူတဦး ချောင်းရေနှင့်မျောပါ (သတင်းဓာတ်ပုံ)
1 / 11
Donate to DVB

စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၂ ရက်နေ့ထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် သဖန်းပင်ရွာမှာရှိတဲ့ ရွာဦးရေကန်ဘောင်တွေ ကျိုးပျက်ခဲ့ပြီး ရွာသားတဦး ချောင်းရေနဲ့ မျောပါသွားပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လယ်ခင်းထဲကပြန်လာတဲ့ သဖန်းရွာနေ ကိုနေမင်းနိုင်ဟာ နွား ၂ ကောင်နဲ့အတူ သင်ပုန်းချောင်းကိုအဖြတ်မှာ မျောပါသွားခဲ့တာပါ။

နွား ၂ ကောင်ကိုတော့ သင်ပုန်းချောင်းအောက်ဘက်မှာ ပြန်တွေ့ခဲ့ပေမယ့် ကိုနေမင်းနိုင်ကိုတော့ အခုချိန်ထိ ရှာမတွေ့သေးပါဘူး။

အခုလို နှစ်ရက်ဆက်တိုက် ရွာသွန်းခဲ့တာကြောင့် ကျေးရွာအတွင်း ရေ ၃ ပေအမြင့်ထိ တက်ခဲ့ပါတယ်။

အခုလို ရေကြီးလို့ မိုးစပါးစိုက်ဧက ၁၅၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ငရုပ်စိုက်ဧက ၃၀ လောက် ရေဖုံးလွှမ်းသွားခဲ့ပါတယ်။

ရေစီးအားကြောင့် ကျေးရွာလမ်းတွေ ပျက်စီးခဲ့မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း ဓာတ်ပုံ - မောင်မောင်လင်း (၀မ်းတွင်း)


 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013