DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ် နန်းဖာလုံဈေးတွင် ပစ်ခတ်မှုဖြစ်၊ လူ ၁ ဦး ဒဏ်ရာရ
DVB
·
October 3, 2016
တမူးမြို့နယ် နန်းဖာလုံဈေးတွင် ပစ်ခတ်မှုဖြစ်၊ လူ ၁ ဦး ဒဏ်ရာရ
Donate to DVB

အိန္ဒိယနိုင်ငံနဲ့ကပ်လျက် တည်ရှိတဲ့ တမူးမြို့နယ် နန်းဖာလုံဈေးမှာ အောက်တိုဘာ ၂ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က လက်နက်ငယ်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

"ဖြစ်တာက နန်းဖာလုံဈေးနားက Best One စတိုးဆိုင်ရှေ့မှာ ဖြစ်သွားတာပါ။ ပစ်ခံရတဲ့ပုံစံက ဈေးဝယ်အထွက် ဆိုင်ကယ်ပေါ်အတက်မှာ ဘယ်ကထွက်လာမှန်းမသိတဲ့ ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက်က ပစ်သွားတာပါ။ ပစ်တာက ၂ ချက်၊ ပထမတချက်က ဆိုင်ကယ်ကိုမှန်တာ၊ ဒုတိယတချက်က လူကိုမှန်တယ်။ ပြီးတော့ ပြေးသွားတယ်။ ခု ရှာဖွေစုံစမ်းမှုတွေ လုပ်နေပါတယ်" လို့ တမူးမြို့နယ်ရဲတပ်ဖွဲ့ ခေတ္တစခန်းမှူး ဒု-ရဲမှူး ဇော်ထွန်းက ပြောပါတယ်။

ပစ်ခတ်မှုမှာ အသုံးပြုတဲ့လက်နက်ဟာ ပစ္စတိုလို့ ယူဆရပြီး လက်နက်ကိုင်အဖွဲ့တခုခုက လူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ထင်ကြေးပေးပါတယ်။

သေနတ်ကျည်ထိမှန်ခံရသူမှာ ပန်ထွေဆိုသူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ညာဘက်ဆီးစပ်ကို ကျည်ထိမှန် ဒဏ်ရာရလို့ အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။

အခုပစ်ခတ်မှုဟာ ၂၀၁၆ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး နှစ်ဦးပိုင်းမှာလည်း တမှုဖြစ်ပွားခဲ့ကာ လူ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်ထွက်ပြေးသူကို လိုက်လံရှာဖွေစုံစမ်းရင်း လူသေစေရန် ကြိုးစားအားထုတ်မှုဆိုင်ရာပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013