DVB Logo
Home
မြန်မာသတင်း
ရင်းနှီးငွေနည်းပါးသူများ ရှယ်ယာဝယ်ယူနိုင်ရေး မြန်မာ့သီလဝါကုမ္ပဏီက ရှယ်ယာတစုကို ၁၀ စုအဖြစ်ခွဲ
DVB
·
October 3, 2016
ရင်းနှီးငွေနည်းပါးသူများ ရှယ်ယာဝယ်ယူနိုင်ရေး မြန်မာ့သီလဝါကုမ္ပဏီက ရှယ်ယာတစုကို ၁၀ စုအဖြစ်ခွဲ
Donate to DVB

စတော့အိတ်ချိန်း စာရင်းဝင်ထားတဲ့ သီလဝါရဲ့ရှယ်ယာတစုကို ၁၀ စုအဖြစ်ခွဲမယ်လို့ မြန်မာ့သီလဝါအများပိုင်ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့် လက်ရှိ သီလဝါရှယ်ယာတစုကိုင်ထားသူတွေဟာ ၁၀ စုအဖြစ် ပြောင်းလဲရရှိမှာလည်း ဖြစ်ပါတယ်။

ရှယ်ယာတစုရဲ့ မူရင်းသတ်မှတ်တန်ဖိုး ကျပ် ၁၀၀၀၀ ရှိခဲ့ပေမယ့် ၁၀ စုအဖြစ်ခွဲပြီးနောက်မှာတော့ တစုကို   ၁၀၀၀ ကျပ်သို့ ပြောင်းလဲသွားမှာလည်း ဖြစ်ပါတယ်။

သီလဝါကုမ္ပဏီရဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းတင်ထားတဲ့ ရှယ်ယာစုစုပေါင်းမှာလည်း ၃၈၉၂၉၁၅ စုကနေ ၃၈၉၂၉၁၅၀ စုသို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သီလဝါရှယ်ယာ ကိုင်ထားသူတွေအနေနဲ့ ရှယ်ယာတစုချင်းစီပေါ်မှာ ငွေကြေးတစုံတရာ ထပ်မံပေးသွင်းဖို့လည်း မလိုအပ်ဘူးလို့ ပါရှိပါတယ်။

ဒီလို ရှယ်ယာခွဲပြီး ရှယ်ယာတစုရဲ့ တန်ဖိုးချလိုက်တာဟာ ရင်းနှီးငွေနည်းပါးတဲ့သူတွေ လွယ်လွယ်ကူကူ ရင်းနှီးမြှုပ်နှံနိုင်ဖို့နဲ့ ရှယ်ယာရောင်းဝယ်မှုပမာဏ မြင့်တက်ဖို့ ရည်ရွယ်တယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ အုပ်ချုပ်ရေးနှင့် လူအရင်းအမြစ် ဒါရိုက်တာ ဦးအေးဝင်း လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ရှယ်ယာခွဲခြမ်းမှု ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ မြန်မာ့သီလဝါရှယ်ယာတစုရဲ့ အပိတ်ဈေးကတော့ ကျပ် ၄၃၀၀၀ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013