DVB Logo
Home
မြန်မာသတင်း
ဝ နှင့် မိုင်းလားတပ်ဖွဲ့အောက်ခြေပိုင်း တိုက်ခိုက်မှုဖြစ် (ရုပ်သံ)
DVB
·
October 2, 2016
ဝ နှင့် မိုင်းလားတပ်ဖွဲ့အောက်ခြေပိုင်း တိုက်ခိုက်မှုဖြစ် (ရုပ်သံ)
Donate to DVB

ရှမ်းပြည်နယ်အရှေပိုင်း ကျိုင်းတုံနဲ့ မိုင်းလားမြို့နယ်ကြားမှာ ၀တပ်ဖွဲ့ UWSA နဲ့ မိုင်းလား တပ်ဖွဲ့တို့ကြား အောက်ခြေပိုင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ ၀တပ်ဖွဲ့ ခေါင်းဆောင်များနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဂိတ်အ၀င်အထွက်မှာ အောက်ခြေက တပ်ရင်းတွေအကြား အချင်းချင်း နားလည်မှုလွဲလို့ ဖြစ်တယ်။ အဲ့ဒါ ပုဂ္ဂိုလ်ရေးအရ အောက်က တပ်ရင်းတွေရဲ့ ပုဂ္ဂိုလ်ရေးအရ ဖြစ်တဲ့ကိစ္စလို့ပဲ ပြောသံကြားတယ်။ ကျနော် သိသလောက် နှစ်ဘက်လူကြီးတွေတောင် မသိကြဘူး။ အောက်မှာ ဒါမျိုး ဖြစ်နေတယ်။”

သျှမ်းသံတော်ဆင့်သတင်းမှာတော့ စက်တင်ဘာ ၂၈ရက်က ၀တပ်ဖွဲ့က ကျိုင်းတုံနဲ့ မိုင်းလား အကြား လွယ်ဆမ်ဆုန်၊ လွယ်ကျုဆားတပ်စခန်းနဲ့ မိုင်းလားနယ်အ၀င် ပန်မတ်ဖိုင်း ဂိတ်စခန်းအား သိမ်းပိုက်လိုက်ပြီး မိုင်းလားစစ်သည် ၁၅၀ကျော်ကိုလည်း ဖမ်းထားလိုက်တယ်လို့ ရေးသားဖော်ပြပါတယ်။

ပြည်ထောင်စုအင်စတီကျု၊ ဒါရိုက်တာ ဦးခွန်စိုင်းကတော့ ဒီဖြစ်စဉ်ဟာ ၀တပ်ဖွဲ့တည်ရှိရာ ပန်ဆန်းက လာတဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“လက်အောက်ငယ်သားတွေ ဖြစ်တဲ့ကိစ္စ ဟုတ်မှ ဟုတ်ရဲ့လား။ အထက်က ညွှန်ကြားလို့ ဖြစ်လိမ့်မယ်။ ဒီလို ထင်မြင်ချက်ပေးတာလည်း ကြားရတာပေါ့ဗျာ။ အဲ့ဒါက နံပတ် ၁၊ နံပတ် ၂က ၀ စစ်သားတွေကို သူတို့ တပ်နုတ်ဖို့ မိုင်းလားခေါင်းဆောင်တွေက မေတ္တာရပ်ခံတော့ သူတို့ ကလည်း ဒီဥစ္စာ ကျနော်တို့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က စစ်သားတွေ ဖြစ်တယ်။ စစ်သားဆိုတာ အမိန့်ကို နာခံရတယ်။ အမိန့်က မရုပ်မသိမ်းမချင်း ပြန်လို့ မရဘူးလို့ ပြောတယ်။ အဲ့ဒါကြောင့်မို့ ဒီကိစ္စဟာ ပန်ဆန်းဘက်က ညွှန်ကြားတယ်ဆိုတာ ပိုပြီးတော့မှ ခိုင်မာတဲ့သဘောကို ဆောင်တယ်။”
ဝ အနေနဲ့ မိုင်းလားအပေါ်မှာ ဘာ မကျေနပ်ဘူးလဲဆိုတာကို ထပ်ပြီး လေ့လာဖို့ လိုဦးမယ် လို့လည်း သူက ပြောပါတယ်။

အခု ရက်ပိုင်းမှာမှ ပဋိပက္ခစတင်ခဲ့တဲ့ ၀တပ်ဖွဲ့ (UWSA)နဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ နှစ်ပေါင်း ၂၆ နှစ်ခန့် အဆင်ပြေပြေနေထိုင်ခဲ့ကြတဲ့ အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့တို့ ဖြစ်ကြပါတယ်။
ရုပ်သံ - Hean Jai Tai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013