DVB Logo
Home
မြန်မာသတင်း
မုန်းကိုးမြို့နယ် ပူဝန်ရွာထဲ လက်နက်ကြီးကျည်ကျပေါက်ကွဲ၊ ကလေး ၁ ဦး သေဆုံး
DVB
·
October 2, 2016
မုန်းကိုးမြို့နယ် ပူဝန်ရွာထဲ လက်နက်ကြီးကျည်ကျပေါက်ကွဲ၊ ကလေး ၁ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ် မုန်းကိုးမြို့နယ်၊ ပူဝန် ကျေးရွာ ထဲကို စနေနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေး ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။

အဲ့ဒီဒေသမှာ စစ်ပြေးဒုက္ခသည်တွေအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ ဒေါ်မေရီတန် က “မနက် ၆ နာရီလောက်မှာ မြန်မာ့တပ်မတော်က လက်နက်ကြီး ၆ ချက် ဆက်တိုက် ပစ်တယ်။ ၂ချက်က ရွာလယ်မှာ ကျတယ်။ ကလေးလေး ၃ ယောက်က အိပ်ရာထပြီး ဆော့ဖို့ ထိုင်နေတဲ့အချိန်၊ လက်နက်ကြီးကျပြီး အသက် ၂ နှစ်အရွယ် ဇုန်းမျှော် သူက နားထင်အောက် လည်ပင်း ခေါင်းတွေကို လက်နက်ကကြီးကျည် ထိမှန်ပြီး အခြေအနေဆိုးတယ်။ သူ့ကို တရုတ်ပြည် ဆေးရုံပို့ဖို့ ခေါ်သွားရင်း လမ်းမှာဆုံးလို့ ရွာကို ပြန်ခေါ်တယ်။ နောက်ပြီးတော့ ၃နှစ်သားလေး ၁ ယောက်နဲ့ ၅ နှစ်သားတယောက်၊ ၁ ယောက်က အူတွေ ဘာတွေပါ ပွင့်သွားတယ်။ အခု တရုတ်ပြည်ဆေးရုံမှာ၊ နောက် ၁ ယောက်က ပေါင်းရင်းမှာ ထိတယ်။ သူလည်း ဆေးရုံမှာ ရှိနေတယ်”လို့ ပြောပါတယ်။

စနေနေ့မှာ အဲ့ဒီဒေသတွေဘက် တိုက်ပွဲဖြစ်သံ မကြားရဘဲ လက်နက်ကြီးကျည်ပဲ ကျခဲ့တာ၊ ရွာသားတွေက ရွာထိပ်တောင်ကုန်းက မြန်မာစစ်တပ်က ပစ်တာလို့ ပြောကြကြောင်းလည်း ပြောပါတယ်။
အိမ်ခြေ ၄၀၊ လူဦးရေ ၂၀၀ လောက်နေထိုင်ကြတဲ့ ပူဝန်ရွာသားတွေလည်း လက်နက်ကြီးကျည် ကျလို့ ထွက်ပြေးပြီး အနီးနား ရွာတွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။

ဆုံးသွားတဲ့ ၂ နှစ်သား ကလေးရဲ့ အသုဘကို ဒီနေ့ ပြုလုပ်နေပြီး ဆေးရုံတင်ထားရတဲ့ ကလေး ၁ ဦးရဲ့ အခြေအနေကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည် ကျခဲ့တဲ့ ပူဝန်ကျေးရွာကို မြန်မာတပ်မတော်က မနေ့ညနေပိုင်းက ရောက်လာ ပြီး သူတို့ပစ်တာ မဟုတ်ကြောင်းပြောပြီး ဆုံးသွားတဲ့ကလေးကိုလည်း ကြည့်သွားကြတယ်လို့ ရွာခံတွေက ပြောပါတယ်။

စက်တင်ဘာလထဲ ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ တိုက်ပွဲများ ကြိုးကြား ဖြစ်ပွားနေပြီး တိုက်ပွဲတွေရပ်ဖို့ ဒေသခံလူထု မနက်ဖြန် မြစ်ကြီးနားမှာ ဆန္ဒပြ တောင်းဆိုကြမှာ ဖြစ်ပါတယ်။
အလားတူ တောင်းဆိုဆန္ဒပြမှုတွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ ဆက်လက် ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013