DVB Logo
Home
မြန်မာသတင်း
ရဲ ၄ ဦးကို အလုပ်ပြုတ်ထောင်ကျစေခဲ့သည့် အချုပ်ကထွက်ပြေးသူအမျိုးသမီး ၃ နှစ်ကြာမှ ဖမ်းမိ
DVB
·
October 2, 2016
ရဲ ၄ ဦးကို အလုပ်ပြုတ်ထောင်ကျစေခဲ့သည့် အချုပ်ကထွက်ပြေးသူအမျိုးသမီး ၃ နှစ်ကြာမှ ဖမ်းမိ
Donate to DVB

ရဲဝန်ထမ်း ၄ ဦးကို အလုပ်ပြုတ်ထောင်ကျစေခဲ့တဲ့ အချုပ်က ထွက်ပြေးသူ အမျိုးသမီးကို ၃ နှစ်ကျော် ကြာပြီးနောက် ကလေးမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

ကလေးမြို့နယ် တရားရုံး အချုပ်ခန်းကနေ အချုပ်သားအမျိုးသမီးတဦး ထွက်ပြေးမှုကြောင့် ရဲဝန်ထမ်းလေးဦး အလုပ်ပြုတ် ထောင်ကျခဲ့ရပြီးနောက် ထွက်ပြေးသူ အမျိုးသမီး ဒေါ်ဇန်ခန်းဒိန်ကို ၃ နှစ်ကျော် ကာလမှာ ကလေးမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ နယ်ထိန်းရဲတပ်ကြပ်ကြီး ထန်းလွင်က ပြောပါတယ်။

"အဲ့ဒီတုန်းက အချုပ်ကနေ အိမ်သာတက်ချင်တယ်ဆိုပြီး အိမ်သာအထွက်မှာ သူ့သားက ဆိုင်ကယ်နဲ့ တင်ပြေးသွားတာ။ မထင်မှတ်ပဲ ဖြစ်သွားတော့ ရဲတွေလဲ အသိနောက်ကျသွားပြီး လိုက်လို့ မမီတော့ဘဲ လွတ်သွားတာ"လို့ နယ်ထိန်းတပ်ကြပ်ကြီးထန်းလွန်က ဆက်ပြောပါတယ်။

ထွက်ပြေးခဲ့တဲ့ အမျိုးသမီးဟာ အချုပ်ကနေ ထွက်ပြေးစဉ်က အသက် ၄၀ ခန့်အရွယ်ဖြစ်ပြီး ကလေးမြို့နယ် ညောင်ကုန်းရွာမှာ နေထိုင်သူလည်း ဖြစ်ပါတယ်။ အရင်ပြစ်မှုမှာ မူးယစ်ဆေး အမှုဖြစ်ပြီး မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်က အချုပ်သားအနေအထားနဲ့ အမှုရင်ဆိုင်ရင်း ထွက်ပြေးခဲ့တာပါ။

မူးယစ်အမှုဖြင့် တရားစွဲဆိုထားခံရသူ ဒေါ်ဇန်ခမ်းဒိန် အချုပ်ထွက်ပြေးမှုကြောင့် ကလေးမြို့ ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ၂ ဦး တပ်ကြပ် တဦးနဲ့ တပ်သားတဦးတို့ အလုပ်ပြုတ်ခဲ့ရပြီး ထောင်ဒဏ်တစ်နှစ်စီ ကျခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အချုပ်ကနေ ထွက်ပြေးသူ ဒေါ်ဇန်ခန်းဒိမ်ကို ထွက်ပြေးပြီး သုံးနှစ်ကျော်အကြာ အောက်တိုဘာ ၁ ရက်နေ့က ချင်းပြည်နယ် တီးတိန်နယ် မောင်လာန်းရွာမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013