DVB Logo
Home
မြန်မာသတင်း
ဆီးရီးယားနိုင်ငံ အလစ်ပိုမြို့ အဓိကဆေးရုံကြီး လေကြောင်းဖြင့် ထပ်မံတိုက်ခံရ (ရုပ်သံ)
DVB
·
October 2, 2016
ဆီးရီးယားနိုင်ငံ အလစ်ပိုမြို့ အဓိကဆေးရုံကြီး လေကြောင်းဖြင့် ထပ်မံတိုက်ခံရ (ရုပ်သံ)
Donate to DVB

ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ အလစ်ပိုမြို့ရဲ့ အဓိကဆေးရုံကြီးတရုံဟာ စနေနေ့က လေကြောင်းကထပ်ပြီး တိုက်ခိုက်ခံရတယ်လို့ ဆေးရုံကိုထောက်ပံ့နေတဲ့ လူမှုအဖွဲ့အစည်းက ပြောဆိုပါတယ်။

ဆေးရုံဟာ ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ အလစ်ပိုမြို့ အရှေ့ပိုင်းမှာတည်ရှိပြီး အောက်တိုဘာ ၁ ရက်နေ့က phosphorus ဓာတုဗုံးတွေနဲ့ တိုက်ခိုက်ခံရပြီး စည်ပိုင်းဗုံး ၂ လုံးလည်း ထိမှန်ခဲ့တယ်လို့ ဆေးရုံကို ထောက်ပံ့နေတဲ့ ဆီးရီးယား-အမေရိကန် ကျန်းမာရေး အထောက်အကူပြုအဖွဲ့က ပြောဆိုပါတယ်။

ဒီဆေးရုံဟာ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း အခုလိုပဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ အလစ်ပိုမြို့ဟောင်းမှာလည်း ရုရှားလေကြောင်းပစ်ခတ်ပေးမှုတွေနဲ့ ဆီးရီးယားအစိုးရ တပ်တွေ မြေပြင်ထိုးစစ်တွေ အရှိန်မြှင့်လာပါတယ်။
နှစ်ဖက်မြေပြင်တပ်တွေဟာ အလစ်ပိုမြို့ရပ်ကွက်အတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေကြတယ်လို့ သတင်းတွေကဆိုပါတယ်။

ပြီးခဲ့တဲ့လ ၁၉ ရက်နေ့က ဆီးရီးယားစစ်အပစ်အခတ်ရပ်စဲရေး ပျက်ပြား သွားခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ ဆီးရီးယားလေတပ်တွေက သူပုန်တွေအပေါ် လေကြောင်းထိုးစစ်တွေ အပြင်းအထန် လုပ်လာသလို ဆီးရီးယားစစ်တပ်ကလည်း မြေပြင်ထိုးစစ်တွေပါ ဆင်နွှဲလာတာပါ။

ဒီထိုးစစ်အရှိန်မြှင့်လာတာတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းတပတ် အတွင်း ခလေးအများအပြားအပါအ၀င် အရပ်သား အနည်းဆုံး ၄၀၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013