DVB Logo
Home
မြန်မာသတင်း
အာဆီယံပါလီမန်စည်းဝေးတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ကာကွယ်ရေးကိစ္စ ဆွေးနွေး
DVB
·
October 2, 2016
အာဆီယံပါလီမန်စည်းဝေးတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ကာကွယ်ရေးကိစ္စ ဆွေးနွေး
Donate to DVB

အာဆီယံပါလီမန်များစည်းဝေးပွဲရဲ့ ဆက်စပ်စည်းဝေးပွဲတွေကို နေပြည်တော်မှာ ဆက်လက် ကျင်းပနေပြီး လူမှုရေးရာကော်မတီစည်းဝေးပွဲမှာ ဒေသတွင်း လတ်တလောဖြစ်ပွားနေတဲ့ ဇီကာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ကာကွယ်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ ၁ ရက်မှာ ဆက်စပ်စည်းဝေးပွဲတွေဖြစ်တဲ့ နိုင်ငံရေးရာကော်မတီ၊ စီးပွားရေးရာ ကော်မတီ၊ လူမှုရေးရာကော်မတီ၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး (WAIPA)နှင့် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေးပွဲတွေ ကျင်းပခဲ့ကြတာပါ။

နိုင်ငံရေးရာဆွေးနွေးပွဲမှာ ပင်လယ်ပြင်လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ပြည်တွင်းပြည်ပ စိန်ခေါ်မှုများဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးအတည်ပြုကြတယ်လို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။

တခါ စီးပွားရေးရာစည်းဝေးပွဲမှာတော့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ သင့်တင့်လျောက်ပတ်သည့် လုပ်ငန်းအခြေအနေ ရရှိရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ခိုင်မာအားကောင်းလာစေရေး၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ဖော်ဆောင်ရာ တွင် လွှတ်တော်များမှ ထောက်ပံ့ ကူညီရေး စတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

အလားတူ လူမှုရေးရာမှာတော့ ဇီကာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ကာကွယ်ရေး၊ အာဆီယံ ကြေညာစာတမ်းပါ လူမှုရေးဆိုင်ရာအကာအကွယ်ပေးမှု မြှင့်တင်ရေး၊ အာဆီယံဒေသတွင်း ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ဆောင်ရွက်ရေးတို့မှာ အာဆီယံပါလီမန်များအကြား ပူပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဆိုင်ရာများ ကို ဆွေးနွေးကြပါတယ်။

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအစည်းအဝေး(WAIPA)မှာတော့ အမျိုးသမီးများနှင့် သင့်လျော်တဲ့ လုပ်ငန်းခွင်များဖန်တီးပေးရေး၊ အမျိုးသမီး လုပ်သားများ အတွက် မွေးဖွားမှု ဆိုင်ရာ ခံစားခွင့်များတိုးမြှင့်ရေးတို့ကိုအတည်ပြု ဆောင်ရွက်ခဲ့ကြပါတယ်။

၃၇ ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၃ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013