DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် အသက် ၂၅ နှစ်အရွယ်အမျိုးသမီးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းမိ
DVB
·
October 1, 2016
မိုးညှင်းမြို့နယ်တွင် အသက် ၂၅ နှစ်အရွယ်အမျိုးသမီးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းမိ
Donate to DVB

မိုးညှင်းမြို့နယ်မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးထံကနေ ကျပ်သိန်း ၁၀၀ နီးပါးခန့်တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဟဲပုကျေးရွာ အနောက်ဖက် စက်လှေဆိပ်မှာ အသက် ၂၅ နှစ်အရွယ် မိန်းကလေးတဦးထံမှ မူးယစ်ဆေးဝါး ၉၈ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တာပါ။

စက်တင်ဘာ ၂၈ ရက် ည ၇ နာရီကျော်က ဟဲပုကျေးရွာ အနောက်ဖက်စက်လှေဆိပ်မှာ သတင်းအရ စောင့်ဆိုင်းနေတဲ့ လုံးတုံရဲစခန်းမှူးနဲ့ အဖွဲ့ဟာ မသင်္ကာဖွယ်ရာ နန့်မွန်းကျေးရွာက မနီလာစိုးကို တွေ့ရှိရတဲ့အတွက် သက်သေတွေနဲ့ ရှာဖွေခဲ့ရာ ရောင်စုံဆပ်ပြာခွက် ၁၂ အတွင်းကနေ ဘိန်းဖြူဟု ယူဆရတဲ့ အဖြူအဝါမှုန့် အလေးချိန်စုစုပေါင်း ၉၈.၂ ဂရမ်နဲ့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၅ ပြားတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ တိုက်ကုန်းရပ်ကွက် နန့်မွန်းကျေးရွာ နေထိုင်သူ မနီလာစိုး ကို (ပ)၃၉/၂၀၁၆ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)တို့နဲ့ ရဲအုပ်ဗျက်ဆန်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။
သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013