DVB Logo
Home
မြန်မာသတင်း
အိုင်အက်စ်များ၏ ခေါင်းများကို ချက်ပြုတ်သည့် အီရတ်အိမ်ရှင်မ (ရုပ်သံ)
DVB
·
October 1, 2016
အိုင်အက်စ်များ၏ ခေါင်းများကို ချက်ပြုတ်သည့် အီရတ်အိမ်ရှင်မ (ရုပ်သံ)
Donate to DVB

အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့အမျိုးသမီးဟာ သူမရဲ့အနောက်ဖက်က လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားအုပ်စုကို “ပါးစပ်ပိတ်ပြီးနေကြစမ်းပါ” လို့အော်လိုက်ပြီး တွေ့ဆုံမေးမြန်းခန်းလုပ်ဖို့ထိုင်လိုက်ပါတယ်။
အားလုံးကချက်ခြင်းငြိမ်သွားပြီး သူတို့အားလုံးရဲ့လက်နက်တွေနဲ့ မတ်မတ်ရပ်နေကြပါတယ်။

အိုက်အက်စ်တွေက သူမကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး သူမရဲ့ချစ်ရသူတွေသေဆုံးခဲ့တဲ့နောက် “ကျမ သူတို့ကို ပြန်တိုက်တယ် သူတို့ရဲ့ခေါင်းတွေကိုဖြတ်ပြီး ချက်တယ် သူတို့ရဲ့ကိုယ်တွေကို မီးရှို့တယ်”လို့လည်း သူမကပြောပြီး ဒါတွေကို မှတ်တမ်းတင်ထားတယ် သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြည့်ကြည့်လို့ စီအဲန်န်အဲန်န်သတင်းထောက်တွေကို ပြောပါတယ်။

ဒါကြောင့် သူမရဲ့ဖေ့စ်ဘွတ်ကို ကြည့်တော့လည်း သူမခင်ပွန်းတွေ သေဆုံးတဲ့ပုံ တိုက်ခိုက်ရေး သမားတွေနဲ့ ဗိုလ်ချုပ်တွေရဲ့ပုံတွေ၊ လတ်လတ်ဆတ်ဆတ်ဖြတ်ထားတဲ့ ခေါင်းတွေရဲ့ပုံတွေ နောက်ဖြတ်ထားတဲ့ခေါင်းတွေကို ဟင်းအိုးထဲ ထည့်ထားတဲ့ပုံတွေကိုလည်း တွေ့ခဲ့ပါတယ်။ နောက်တပုံကတော့ ခန္ဓာကိုယ်မီးရှို့ထားတာရဲ့ဘေးမှာ သူမရပ်နေတဲ့ပုံတွေကိုလည်း တွေ့ ပါသေးတယ်။ ဒီပုံတွေက အစစ်တွေလား ဖိုတိုရှော့ပ်နဲ့ပြင်ထားတာလားတော့ အတိအကျပြောဖို့ မဖြစ်နိုင်ပါဘူး ဒါပေမယ့် သူမဘာဆိုလိုချင်တယ်ဆိုတာတော့ သဘောပေါက်လိုက်ပါတယ်။

ဝါဟီဒါမိုဟာမက်လို့ခေါ်တဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးက ၉ မီလီမီတာ ပစ္စတိုကို သူမရဲ့ဘယ်ဘက်လက်အောက်က သေနတ်ထည့်တဲ့ အိတ်ထဲမှာထည့်ထားပါတယ်။ သူမဟာ အီရတ်ရဲ့ မိုဆူးလ်တောင်ဖက် မိုင်၅၀ အကွာက မြို့တစ်မြို့ဖြစ်တဲ့ ရှာကတ်က်ဒေသမှာ အမျိုးသား ၇၀ နီးပါးရှိတဲ့ တပ်တစ်တပ်ကို ဦးဆောင်နေတာပါ။

အစိုးရတပ်တွေ အိုင်အက်စ်တွေကို မြို့တွင်းကနေ မောင်းထုတ်ခဲ့တုန်းက တိုင်းရင်းသားတပ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ သူမနဲ့သူမရဲ့လူတွေဟာ သိပ်မကြာသေးခင်ကမှ ဝိုင်းဝန်းကူ ခဲ့ပါသေးတယ်။
အမျိုးသားတွေသာများတဲ့ ဒီတပ်တွေထဲမှာ အမျိုးသမီးတိုက်ခိုက်ရေးသမားက အနည်းငယ်ပဲ ရှိတာပါ။

“ကျမက ဒီအကြမ်းဖက်သမားတွေကို တိုက်ခိုက်တဲ့ အီရတ်လုံခြုံရေးတပ်ဖွဲတွေနဲ့ အလုပ်လုပ်ခဲ့တာ ၂၀၀၄ ခုနှစ်ကတည်းက စခဲ့တာပါ ဒါကြောင့်လည်း နောက်ဆုံးမှာ အိုင်အက်စ်ဆိုပြီး တဖြည်းဖြည်းဖြစ်လာခဲ့တဲ့ အယ်လ်ကိုင်ဒါတွေက ကျမကို အရမ်းကို ဒေါသထွက်ခဲ့ကြတာလေ” လို့သူမကပြောခဲ့ပါတယ်။

“ကျမကို အိုင်အက်စ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်က ခြိမ်းခြောက်တယ် ကျမကသူတို့ရဲ့ အလိုရှိဆုံးစာရင်းထဲမှာ ထိပ်ဆုံးကပဲ ဝန်ကြီးချုပ်ထက်တောင်မှ ကျမကို ပိုအလိုရှိသေးတယ်” လို့ သူမက ခပ်ကြွားကြွားလေးပြောပါတယ်။
၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ သူမရဲ့အိမ်အပြင်ဖက် ကားတွေမှာလည်း ဗုံးထောင်ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူမရဲ့ပထမခင်ပွန်း သေဆုံးခဲ့တယ် နောက်သူမ ပြန်လည်အိမ်ထောင်ပြုပြီး ဒုတိယခင်ပွန်းဟာလည်း ဒီနှစ်နှစ်ဦးပိုင်းမှာ အိုင်အက်စ်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အိုင်အက်စ်တွေက သူမရဲ့အဖေနဲ့ အကို/မောင် ၃ ယောက်ကိုလည်း သတ်ခဲ့ပါတယ်။ နောက်သူမရဲ့သိုးတွေ ခွေးတွေနဲ့ ကြက်ငှက်တွေကိုလည်း သတ်ခဲ့သေးတယ်လို့ သူမက ဖြည့်ပြောခဲ့ပါတယ်။
သူမကတော့ သေတွင်းက သီသီကလေးလွတ်ခဲ့တာပါ။

“ကျမကိုသူတို့လုပ်ကြံတာ ၆ ကြိမ်ပါ ဗုံးစတွေ ကျမရဲ့ခေါင်း ခြေထောက်တွေကိုမှန်တယ် ကျမရဲ့နံရိုးတွေလည်း ကျိုးနေတယ်” လို့ ဒီအမျိုးသမီးက သူရဲ့မျက်နှာဖုံးကို လှန်ပြီး သူမရဲ့အမာရွတ်တွေကို ပြပါတယ် ဒါပေမယ့် သူတို့ကို ကျမတိုက်ခိုက်နေတာကိုတော့ သူတို့တားလို့မရပါဘူး လို့လဲ ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013