DVB Logo
Home
မြန်မာသတင်း
ငါးရံ့တကောင်ရဲ့ရင်ဖွင့်သံ အက်ဆေးရေးသူကို အသရေဖျက်မှုဖြင့် ဒဏ်ငွေ ချမှတ်ခံရ
DVB
·
October 1, 2016
ငါးရံ့တကောင်ရဲ့ရင်ဖွင့်သံ အက်ဆေးရေးသူကို အသရေဖျက်မှုဖြင့် ဒဏ်ငွေ ချမှတ်ခံရ
Donate to DVB

ထားဝယ်အခြေစိုက် တနင်္သာရီအပတ်စဉ်ဂျာနယ်ပါ ငါးရံ့ တကောင်ရဲ့ ရင်ဖွင့်သံ အက်ဆေး ရေးသားသူကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် တရားရုံးမှ စက်တင်ဘာ ၃၀ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပုဒ်မ ၅၀၀ အသရေဖျက်မှုမြောက်တယ်ဆိုပြီး ရေဖြူမြို့နယ် တရားသူကြီး ဦးထွန်းကျော် မှ ဒဏ်ငွေ သုံးသောင်း (ဒါမှမဟုတ်)အလုပ်မဲ့ ထောင်ဒဏ် သုံးလ တရပ်ရပ်ကျခံဖို့အတွက် မြို့နယ် တရားခွင်မှ အမိန့်ချမှတ်လိုက်ဖြစ်ပါတယ်။

အဆိုပါ အက်ဆေးအား တနင်္သာရီအပတ်စဉ်ထုတ်သတင်းဂျာနယ်မှာ ဖော်ပြလိုက်တဲ့ အတွက် ကံပေါက်ဒေသအတွင်း သတ္တုတူးဖော်လုပ်ကိုင်နေတဲ့ ဒယ်ကို (Delcom)သတ္တုကုမ္မဏီမှ အက်ဆေးရေးသားသူ ဦးအောင်လွင်အား ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ ဇွန်လ အစောပိုင်းကတည်းက တရားစွဲဆိုထားတာပါ။

ရေဖြူမြို့နယ် တရားရုံးမှာ လေးလ အကြာ အပြန်အလှန်အမှုကြားနောက်ပြီးနောက်မှာတော့ ရေဖြူမြို့နယ် တရားသူကြီးမှ ဒဏ်ငွေ(သို့မဟုတ်)အလုပ်မဲ့ထောင်ဒဏ် ကျခံရမယ်လို့ အမိန့်ချမှတ်လိုက်ပြီးနောက်မှတော့ ပြစ်ဒဏ်ကျခံရသူ ဦးအောင်လွင်မှ ဒဏ်ငွေ သုံးသောင်းပေးဆောင်ခဲ့ပြီး ထားဝယ်ခရိုင်တရား ရုံးထံ တစ်လအတွင်း ဆက်လက်အယူခံဝင်ဖို့လျှောက်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013