DVB Logo
Home
မြန်မာသတင်း
ကတိက၀တ်ပျက်သဖြင့် သီလ၀ါဒေသခံတွေ တိုကျိုရုံးချုပ်သို့ ဒုတိယအကြိမ် လာရောက်တွေ့ဆုံ
DVB
·
October 1, 2016
ကတိက၀တ်ပျက်သဖြင့် သီလ၀ါဒေသခံတွေ တိုကျိုရုံးချုပ်သို့ ဒုတိယအကြိမ် လာရောက်တွေ့ဆုံ
Donate to DVB

JICA ကတိက၀တ်ပျက်လို့ သီလ၀ါဒေသခံတွေ ဒုတိယအကြိမ် တိုကျိုရုံးချုပ်ကို လာရောက်တွေ့ဆုံ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အနေနဲ့ နိုင်ငံတကာစံနှုန်းနဲ့ ကတိက၀တ်တွေပျက်ကွက်လို့ ဒုတိယအကြိမ်တိုကျိုမြို့ကို လာရောက်တင်ပြ ပြောဆိုရတာပါလို့ ၂၀၁၄ ခုနှစ် သီလ၀ါဒေသ ဖွံ့ဖြိုးရေးကော်မတီဝင် ဦးမြလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ဘေးနားမှာ စီမံကိန်းကြီးတွေ ၈၀ လောက်တခုပြီးတခု ဟောခနဲ ဟောခနဲ စတင်ဆောင်ရွက်ပြီးစီးသွားပေမယ့် ကျမတို့ သောက်သုံးရေရဖို့ကိုတော့ အခုထိ ဆောင်ရွက်မပေးနိုင်သေးပါဘူး” လို့ တိုကျိုမြို့မှာ ၂ရ ရက်နေ့ကကျင်းပခဲ့တဲ့ seminar ပွဲမှာ သီလ၀ါဒေသခံ ဒေါ်သန်းအိက၀မ်းနည်းစွာ ပြောဆိုသွားခဲ့ပါတယ်။

တိုကျိုရောက် သီလ၀ါဒေသခံတွေဟာ ဂျပန်အခြေစိုက် Mekong Watch နဲ့ အမေရိကန်အခြေစိုက် EarthRights International တို့နဲ့အတူ စက်တင်ဘာ၂၇ ရက်နေ့က Global Environment Information Centre (GEOC) မှာ သီလ၀ါအထူးစီးပွားရေးဇုန်နဲ့  ပတ်သတ်ပြီး ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ ပြန်လည်လည်နေရာချထားရေးလုပ်ငန်းများ (RWP) သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်း (EIA)လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဒေသခံများရဲ့သဘောထားတွေ ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့တာတွေနဲ့ပတ်သတ်ပြီး seminar ပွဲပြုလုပ်ခဲ့ပြီး ဂျပန်အန်ဂျီအို အများအပြားတက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့မှာ သီလ၀ါဒေသခံတွေက Mekong Watchနဲ့ EarthRights International တို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တိုကျိုရုံးချုပ်နဲ့ သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းမှာ ဆောင်ရွနေတဲ့ ဂျပန်ကုမ္ပဏီတွေကိုလည်း တိုကျိုမြို့ မှာ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရုံးချုပ်က တာဝန်ရှိသူတွေက သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သတ်တဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိအဖွဲ့အစည်းများကို အကြောင်းကြားပေးမယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အမေရိကန်အခြေစိုက် EarthRights International အဖွဲ့က ဥပဒေအကြံပေးအရာရှိ Katherine McDonnell က ဂျပန်နိုင်ငံအနေဲ့ နိုင်ငံတကာစံချိန်စံနှုန်းတွေကို လိုက်နာဖို့ လာရောက်သတိပေးတာလို့ ဒီဗွီဘီကို ပြောပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့် စီမံကိန်းရဲ့ ဧရိယာဟက်တာ ၂၀၀၀ အတွင်း အိမ်ခြေပေါင်း ၆၀၀ နှင့် ၈၀၀ အကြားထိခိုက် နိုင်ခြေရှိပြီးမိမိတို့ လေ့လာဆောင့်ကြည်နေချိန် ၃ နှစ်အတွင်း ပြန်လည်လည်နေရာချထားရေး လုပ်ငန်းများ(RWP)နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း (EIA) လုပ်ငန်းတွေကို JICA အနေနဲ့ ဆောင်ရွက်မှုတွေကိုအားမရဘူးလို့ Mekong Watch က တာဝန်ရှိတွေက ဒီဗွီဘီကို ပြောပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး မြန်မာအစိုးရနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး မြန်မာပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013