Home
သတင်းဓာတ်ပုံ
တိုက်ချင်းပစ် ဒုံးတင် တရုတ်စစ်သင်္ဘော သီလ၀ါဆိပ်ကမ်း ဆိုက်ရောက် (ဓာတ်ပုံ)
DVB
·
October 1, 2016
b11
b10
b9
b8
b7
b6
b5
b4
b3
b2
ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းကို တရုတ် ရေကြောင်းကာကွယ်ရေး အဖွဲ့က တိုက်ချင်းပစ် ဒုံးတင် စစ်ရေယာဉ် XIANG TAN နဲ့ ZHOU SHAN စစ်ရေယာဉ် နှစ်စင်း ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ဆိုက်ရောက်လာခဲ့ပါတယ်။ အရာရှိစစ်သည် စုစုပေါင်း (၇၂၈) ယောက်လိုက်ပါ လာတဲ့ စစ်ရေယာဉ် နှစ်စင်းဟာ အေဒင် ပင်လယ်ကွေ့မှာ ပင်လယ်ဓားပြရန် နှိမ်နှင်းခြင်း၊ ရေကြောင်းကာကွယ်ရေး တာဝန်တွေ ယူခဲ့ပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာပါ။ (၅)ရက်ကြာမယ့် ခရီးစဉ် အတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖို့ရည်ရွယ် ထားကြောင်းသိရပါတယ်။ ဒီခရီးစဉ်မှာ တရုတ် ရေတပ် အရာရှိတွေဟာ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို အောက်ခြေ တပ်မတော်သားတွေကလည်း အပြန်အလှန် အားကစားပြိုင်ပွဲတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024