DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများအတွက် တရားမျှတသည့်ဥပဒေ ရှိရန်လိုအပ်
DVB
·
September 30, 2016
မြန်မာအမျိုးသမီးများအတွက် တရားမျှတသည့်ဥပဒေ ရှိရန်လိုအပ်
1 / 2
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ အမျိုးသမီးတွေအတွက် တရားမျှတတဲ့ ဥပဒေတွေရှိဖို့ လိုသလို ထိုက်တန်တဲ့ အရေးယူမှုတွေလည်း ရှိဖို့လိုနေပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ အရင်ထက် ပိုမိုများပြားလာပြီး    ဒီလိုများပြားလာတာဟာ လက်ရှိကျင့်သုံးနေတဲ့ တရားဥပဒေတွေဘက်က ချို့ယွင်းမှုတွေကြောင့်လို့ အများက ဝေဖန်နေကြတာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဥပဒေတွေဟာ သူ့ပြစ်ဒဏ်နဲ့သူတော့ ထိုက်တန်တာ ပြဋ္ဌာန်းထားတာပေါ့။ ဒါပေမယ့် တရားရုံးတွေမှာ ထိရောက်တဲ့ပြစ်ဒဏ်တွေ မရဘူး။ ဘာကြောင့်မရလဲဆိုတော့ ရဲတပ်ဖွဲ့က အမှုတည်ဆောက်ပုံတွေ၊ ဥပဒေအကြံပေးပုံတွေ၊ တရားရုံးတွေရဲ့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ပုံတွေ၊ နောက် အဂတိတရားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ နစ်နာတဲ့သူတွေ အမျိုးသမီးတွေဟာ တရားဥပဒေ အကာအကွယ် မရဘူး ဖြစ်လာတယ်” လို့ ပြောပါတယ်။

တကယ်လို့ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပြီဆိုရင်လည်း ပြစ်မှုပြစ်ဒဏ်မျှတမှုရှိဖို့ လိုတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေ ကပြောပါတယ်။

အမျိုးသမီးအရေး ဆောင်ရွက်သူတဦးဖြစ်တဲ့ မခင်လေးငယ်က “အစ်မတို့က အဲဒီ ပြစ်မှုနဲ့ ပြစ်ဒဏ်ပေါ့လေ။ အဲဒီအပိုင်းကဏ္ဍကို အစ်မတို့ သေသေချာချာ ကျကျနန တကယ်ထိရောက်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ဥပဒေမှာ ထည့်သွင်းထားစေချင်တယ်။ ဥပဒေတော့ ရေးဆွဲလိုက်တယ်ပေါ့။ ဘယ်ဟာ ဥပဒေပေါ့။ ဒါပေမဲ့ ပြစ်မှု ပြစ်ဒဏ်ပိုင်းက အရမ်းအားနည်းနေတယ်လို့ အစ်မတော့ ထင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

မြောက်ဥက္ကလာက အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို အလိုမတူ ခိုးယူပေါင်းသင်းတာကို မြောက်ဥက္ကလာပတရားရုံးက ပြစ်ဒဏ် ၂ နှစ်သာ ချမှတ်လိုက်တဲ့အပေါ်ကိုလည်း ဝေဖန်ပြောဆိုမှုတွေများစွာ ရှိပါတယ်။

မြန်မာနိုင်ငံအတွင်း တခြားနေရာတွေမှာလည်း အမျိုးသမီးနဲ့ပတ်သက်တဲ့ အကာအကွယ်ပေးမှုတွေ နည်းပါးနေတဲ့ဖြစ်စဉ်တွေလည်း ကြုံတွေ့နေရတာတွေ ရှိပါတယ်။

လက်ရှိမှာတော့ ဦးစားပေး ရေးဆွဲသင့်တဲ့ ဥပဒေ ၄၈ ခုထဲမှာ အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ ပါဝင်နေပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013