DVB Logo
Home
မြန်မာသတင်း
စစ်အစိုးရခေတ် ဒုဝန်ကြီးများခေါင်းဆောင်သည့် ပညာရေးမူဝါဒကော်မရှင် ဖွဲ့
DVB
·
September 29, 2016
စစ်အစိုးရခေတ် ဒုဝန်ကြီးများခေါင်းဆောင်သည့် ပညာရေးမူဝါဒကော်မရှင် ဖွဲ့
Donate to DVB

ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးရမယ့် အမျိုးသားပညာရေး မူဝါဒ ကော်မရှင်ကို အရင် စစ်အစိုးရလက်ထက် ပညာရေးဒုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသူတွေ ခေါင်းဆောင်စေပြီး ဖွဲ့စည်းလိုက်ပါတယ်။

သမ္မတအမိန့်နဲ့ စက်တင်ဘာ ၂၈ရက်က ဖွဲ့စည်းလိုက်တဲ့ ပညာရေးမူဝါဒကော်မရှင်မှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာမျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌအဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာ ညီလှငယ်တို့က တာဝန်ယူကြမှာ ဖြစ်ပါတယ်။

သမ္မတအမိန့်ကြော်ငြာစာထဲမှာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ အခန်း (၄)၊ ပုဒ်မ (၅) (က)အရ ပြည်ထောင်စုအစိုးရက အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပြီး ကော်မရှင်အဖွဲ့မှာ ၂၁ ဦး ပါဝင်ပါတယ်။

ကော်မရှင်သက်တမ်းဟာ ငါးနှစ်ဖြစ်ပြီး အမျိုးသားပညာရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးခြင်း၊ အမျိုးသားပညာရေး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သော အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီ စတဲ့ အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးရမှာလည်း ဖြစ်ပါတယ်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အန်အန်အီးအာ အဖွဲ့က ဒေါက်တာညိုညိုသင်းက အစိုးရသစ်က ဖွဲ့လိုက်တဲ့ အမျိုးသားပညာရေး မူဝါဒ ကော်မရှင်မှာ လွတ်လပ်တဲ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ပြည်ပပညာရှင်တွေ ထည့်သွင်းဖွဲ့စည်းသင့်တယ်လို့ ပြောပါတယ်။

“ဒီလို ကော်မရှင်ဖွဲ့တဲ့အခါမှာ အစိုးရ၀န်ထမ်းတွေ ၀န်ထမ်းအငြိမ်းစားတွေနဲ့ ဖွဲ့တာထက်စာရင် တကယ့်ကို အောက်ခြေမှာ ပြည်သူလူထုကြားမှာ လက်တွေ့လုပ်ကိုင်နေတဲ့ လွတ်လပ်ပြီး အမှီ အခိုကင်းတဲ့ ပညာရှင်တွေ ပါစေချင်တယ်။ နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေ ကနေ ဂုဏ်သိက္ခာရှိတဲ့ ပြင်ပပညာရှင်တွေလည်း ပါစေချင်ပါတယ်။ ဒီကော်မရှင်က မလုပ်နိုင်ဘူးလို့ မပြောပါဘူး။ စောစောက ပြောတဲ့သူတွေ ပါနိုင်ရင်တော့ ပိုကောင်းတာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013