DVB Logo
Home
မြန်မာသတင်း
သံဃာတော် ၈ ပါးကို ရှမ်းပြည်တပ်မတော်က ဖမ်းဆီးဟု ပလောင်အဖွဲ့များပြောကြား
DVB
·
September 29, 2016
သံဃာတော် ၈ ပါးကို ရှမ်းပြည်တပ်မတော်က ဖမ်းဆီးဟု ပလောင်အဖွဲ့များပြောကြား
Donate to DVB

 

အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ စာချုပ်ကိုဖောက်ဖျက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့  ပလောင်တိုင်းရင်းသားတွေက စွပ်စွဲပြောကြားလိုက်ပါတယ်။

တအာင်းပလောင် တိုင်းရင်းသားတွေအပေါ်မှာ ပညာရေး ပိတ်ပင်ခြင်း၊ သံဃာတွေရော လူတွေပါ မတရားဖမ်းဆီးခြင်း၊ အဓမ္မစစ်သား စုဆောင်းခြင်း၊ ရွာသားများပိုင်ဆိုင်သော ပစ္စည်းလုယူခြင်းတွေ ကျူးလွန်နေတယ်လို့  တအာင်း အဖွဲ့အစည်းတွေက စက်တင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မှာ သတင်းစာရှင်းပြောသွားတာပါ။

အာရ်စီအက်စ်အက်စ်ဟာ အန်စီအေလက်မှတ်ထိုးထားပေမယ့်  စာချုပ် အခန်း (၃) အပိုဒ် (၉)ပါ အရပ်သားများကို အကာအကွယ်ပေးခြင်း ဆိုတဲ့အချက်ကို ချိုးဖောက်ခဲ့တယ်လို့ တအာင်း အဖွဲ့အစည်းရဲ့ပြောခွင့်ရ မိုင်ဆည်ရက် က ဒီဗွီဘီကို ပြောပါတယ်။

"အာရ်စီအက်စ်အက်စ်က အန်စီအေထိုးပြီးတဲ့နောက်ပိုင်း တအာင်းဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဥပမာ ပညာရေးကိစ္စမှာဆိုရင် မိုင်းကိုင်၊ လဲချားနဲ့ မိုင်းနောင်မြို့နယ်ထဲမှာ ဖွင့်ထားပြီးတဲ့ ကျောင်းတွေရော၊ မဖွင့်ရသေးတဲ့ကျောင်းတွေပါ စုစုပေါင်း ၅၅ ကျောင်းကို ပိတ်ပင်ထားတယ်။ ဆရာဆရာမတွေကို မောင်းထုတ်တယ်။ စာသင်ကျောင်းဖွင့်ဖို့ အခြေအနေသွားကြည့်တဲ့ သံဃာတော် ၈ ပါးကိုလည်း ဖမ်းသွားတယ်။ မြောက်ပိုင်း ကလူတွေ   တောင်ဘက်ကိုသွားပြီး ကွင်းဆင်းရင် ဖမ်းမယ်။ ပြီးရင် စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ အာရ်စီအက်စ် အက်စ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့်၊ ပြည်သူတွေကိုလည်း ခြိမ်းခြောက်မှုတွေကြောင့် စာသင်ေ ကျာင်းတွေ မဖွင့်နိုင်သေးတာ။"

ဖမ်းဆီးထားတဲ့ သံဃာ ၈ ပါးကိုတော့ မြို့နယ်သံဃာ့အဖွဲ့ရော ပြည်သူလူထုတွေပါ တောင်းပန်ခဲ့ လို့ ပြန်လွတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလကတော့ စွပ်စွဲမှုတွေကို ပယ်ချပြီး သူတို့နဲ့ လာရောက်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

"စာသင်ကျောင်းတွေဖွင့်ဖို့ ကျနော်တို့ တအာင်းပါတီနဲ့ ပြောပြီးပါပြီ။ ကျနော်တို့ကပါ သင်ကြားရေး အတွက် အထောက်အပံ့တွေ လုပ်ဖို့ရှိပါတယ်၊ ပညာရေးဟာ အားပေးရမယ့်ကိစ္စပါ၊ ဒါပေမယ့် မဖွင့်ခင် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးရမယ်၊ အဲဒီကျောင်းတွေက ကျနော်တို့ထိန်းချုပ်နယ်မြေ ထဲမှာရှိ တာဆိုတော့ မဆွေးနွေးမတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ်လုပ်ချင်ရာလုပ်မယ်ဆိုရင် ပြဿ     နာတွေရှိလာနိုင်တယ်။ ပြီးရင် စာရိုးရိုးသင်တာမဟုတ်ဘဲ သွေးထိုးစည်းရုံးလှုံ့ဆော်မှုလုပ်တယ်၊ ဒါဟာ လူမျိုးရေးပြဿ   နာဖြစ်နိုင်တယ်။  နောက်ပြီး လူတွေအဖမ်းခံရတာ၊ အရိုက်ခံရတာတွေလည်း နာမည်တွေနဲ့ ဘယ်မှာ ဘယ်သူတွေကဖမ်းသွားလည်းဆိုတာ အကောင်းဆုံးကတော့  သက်သေ အထောက်အထားနဲ့ တင်ပြလာပါ။ ကျနော်တို့ စိစစ်ပြီး အများပြည်သူရှေ့မှာ ဖြေရှင်းမယ်၊ ပြဿ    နာကို အဆင့် လိုက်ဖြေရှင်းသင့်တယ်၊ ကျနော်တို့နဲ့ တိုက်ရိုက်မပြောဘဲ တဘက်သတ် ထုတ်ပြန်ခြင်း စွပ်စွဲခြင်းဟာ  နှစ်ဘက်စလုံး အတွက် မကောင်းဘူး။ ကျနော်တို့ဘက်က တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိပါတယ်။"

အန်စီအေသဘောတူချက်ကတော့ အစိုးရနဲ့ လက်မှတ်ရေးထိုးထားတာမို့ လိုက်နာခြင်း၊ မလိုက်နာခြင်းဟာ အစိုးရနဲ့သာ သက်ဆိုင်တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

မနေ့က ရန်ကုန်သတင်းစာရှင်းပွဲမှာတော့  အာရ်စီအက်စ်အက်စ် တပ်တွေဆုတ်ခွါပေးဖို့၊ တအာင်းတပ်နဲ့ပစ်ခတ်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့၊ ကျောင်းဖွင့်နိုင်ရေး အာမခံချက်ပေးဖို့၊ တအာင်း ပြည်သူပေါ်လူသစ်စု၊ ဆက်ကြေးကောက်၊ ပေါ်တာဆွဲ၊ ဖမ်းဆီးခြိမ်းခြောက်၊ ပစ္စည်းလု၊ ဖျက်ဆီးတာတွေရပ်တံ့ဖို့၊ လူ့ခွင့်ရေးချိုးဖောက်ခဲ့မှုတွေအတွက်တရားဝင် ၀န်ချတောင်းပန်ဖို့  တအာင်း အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013