DVB Logo
Home
မြန်မာသတင်း
ဘီပီအိုင် ဆေးဝါးအတုပြုလုပ်ရောင်းချသူ ၁၄ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
September 28, 2016
ဘီပီအိုင် ဆေးဝါးအတုပြုလုပ်ရောင်းချသူ ၁၄ ဦးကို ဖမ်းဆီးအရေးယူ
1 / 2
Donate to DVB

ဘီပီအိုင် ဆေးဝါးအတုတွေ ပြုလုပ်ရောင်းချသိုလှောင်သူ ၁၄ ဦးကို ဖမ်းဆီးရမိ အမှုဖွင့် အရေးယူ ထားတယ်လို့ ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ဆေးဝါးတုတွေဖော်ထုတ်အရေးယူမှုနဲ့ ပတ်သက်ပြီး စက်မှုဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာက မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပြောပါတယ်။

[caption id="attachment_170122" align="alignright" width="670"]14470649_979258338868699_2353334537388413526_n ဖမ်းဆီးရမိတဲ့ ဆေးဝါးအတုများ[/caption]

ဆေးဝါးအတု ပြုလုပ်ရောင်းချသူ ၇ ဦး၊ ဆေးဝါး အတုပြုလုပ်သူ ၄ ဦး၊ တံဆိပ်အတု ပြုလုပ်သူ ၂ ဦးနဲ့ သက်တမ်းလွန် ဆေးဝါးသိုလှောင်သူ ၁ဦး ပေါင်း ၁၄ ဦးကို ဖမ်းဆီးပြီး ၁၉၉၂ အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၁၀၉ အရ အမှုဖွင့် အရေးယူထား တယ်လို့ဆိုပါတယ်။

ဆေးဝါးအတုပြုလုပ်သူတွေက BPI ဆေးဝါးအတုလုပ်ပြီး BPI ဘူးခွံအတုထဲ ထည့်သွင်း တံဆိပ်အတုတွေကပ် ပြည်လည်ရောင်းချတာ၊ BPI ဆေးဝါးနဲ့ ဆင်တူတဲ့ တရုတ် ထုတ်ဆေးဝါးတွေကို BPI ဘူးခွံအတုတွင် ထည့်သွင်းပြီး တံဆိပ်အတုကပ် ပြန်ရောင်းတာ၊၊ သက်တမ်းလွန်ဆေးတွေကို တံဆိပ်ခွာပြီး သက်တမ်းရှိ BPI တံဆိပ်အတုကပ် ပြန်ရောင်း တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှင်းလင်းချက်အရ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေးတွေ၊ BPI တံဆိပ်အတုမျိုးစုံ စာရွက်တွေ၊ ဆေးဝါးအတုဖော်စပ်ရာမှာသုံးတဲ့ ဓာတုဗေဒဆေးရည်တွေနဲ့ ဆေးထုတ်လုပ်ရာ သုံးတဲ့ ပစ္စည်းတွေအပါအ၀င် စုစုပေါင်း ကာလတန်ဖိုးငွေကျပ်သိန်း ၂၈၀၀၀ ကျော်ဖိုးရှိမယ်လို့ အစိုးရက ခန့်မှန်းပါတယ်။

စက်မှုဝန်ကြီးဌာနက ဆေးဝါးအမယ်သစ်တွေ တိုးချဲ့ထုတ်လုပ်ဖို့ ဈေးကွက်သုတေသန ပြုလုပ်စဉ် ဈေးကွက်ထဲမှာ မသင်္ကာဖွယ် ဆေးဝါးအတုတွေကို သတိပြုမိခဲ့ရာက စုံစမ်း လေ့လာရာမှာ ဆေးဝါးအတုတွေ ဖြန့်ဖြူးရောင်းချနေတာစစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါ တယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဆေးဆိုင်နဲ့ ဆေးသိုလှောင်ရုံတွေကို လေ့လာစောင့် ကြည့်ခဲ့ပြီး ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည့်စုံဈေး အပါအ၀င် နေရာ ၁၁ နေရာရှိ ဆေးဆိုင်နဲ့ သိုလှောင်ရုံ ၂၂ နေရာကို စီးနင်းရှာဖွေခဲ့တာပါ။

BPI စက်ရုံထုပ်ဆေးတွေကို တုပခြင်းမှ ကာကွယ်ဖို့ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး BPI အသားတံဆိပ်ပါ ဆေးဝါးအဖုံး၊ ဘူးခွံနဲ့ အပိတ်တွေထုတ်လုပ်ကာ ဆေးပြားတွေမှာလည်း အသားတံဆိပ် ရိုက်နှိပ်နိုင်ဖို့ ဆောင်ရွက်လျက်နေတယ်လို့ စက်ရုံမှူး ဦးကိုကိုအောင်ရဲ့ ပြောဆိုချက်ကို ကိုကားပြီး ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

ဆေးဝါးအတု ပြုလုပ်ရောင်းချမှုတွေကို အပြီးသတ်ချေမှုန်းပြီး ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သွားမယ့် ဆေးဝါးအတု ထုတ်လုပ်တာဟာ သားစဉ်မြေးဆက် ဒုက္ခရောက်နိုင်တဲ့ အသက် အန္တရာယ် ထိပါးနိုင်တဲ့ လုပ်ငန်းဖြစ်တာကြောင့် အစိုးရသစ်အနေနဲ့ လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး လို့လည်း သတင်းစာမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013