DVB Logo
Home
မြန်မာသတင်း
အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး ရေတွင်းထဲ ရေနစ်သေဆုံး
DVB
·
September 28, 2016
အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး ရေတွင်းထဲ ရေနစ်သေဆုံး
1 / 5
Donate to DVB

 

စက်တင်ဘာလ ၂၇ ရက် မနက်ပိုင်းက မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရေတွင်းထဲမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး ရုပ်အလောင်း တွေ့ရှိခဲ့ပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီးငယ်ဟာ မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် နယ်မြေ (၅) မင်းကြီးလမ်း ကရင်စုတွင် နေထိုင်တဲ့ ကုန်စိမ်းရောင်းသူ မနိုးငယ်ငယ် ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်ကတည်းက ပျောက်ဆုံးနေခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ရေတွင်းထဲ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (RESCUE)၊ သက်ဆိုင်ရာ နယ်မြေရဲစခန်း တာဝန်ရှိသူတွေ၊ ရပ်ကွက်တာဝန်ရှိသူတွေ၊ ရပ်ကွက်နေ ပြည်သူတွေက ပူးပေါင်းကာ ဆယ်ယူခဲ့ပြီး မော်လမြိုင် တောင်ပေါ်လမ်းလျှောက် စေတနာ နာမှုကူညီရေးအသင်းကားဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးငယ် ရေနစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး မော်လမြိုင် မုပွန်ရဲစခန်းက ဆက်လက်စုံစမ်း စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - စောပြည့်မွန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013