DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးကျန်းမာလာရေး ဆုတောင်းပွဲပြုလုပ်
DVB
·
September 28, 2016
ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးကျန်းမာလာရေး ဆုတောင်းပွဲပြုလုပ်
1 / 9
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒေသခံပြည်သူတချို့က ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးကျန်မာလာရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးကျန်းမာလာစေရေး အန်အယ်လ်ဒီပါတီဝင်အချို့နဲ့ ဒေသခံ ပြည်သူတွေကစက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက တောင်ကုတ်မြို့မှာရှိတဲ့ ဖောင်တော်ဦးစေတီမှာ ဆီမီးထွန်းညှိပြီး ဆုတောင်းပွဲတခုပြု လုပ်ခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်လိုဟာမျိုးမြန်မာနိုင်ငံမှ အလွန်တရာမှ တန်ဖိုး မဖြတ်သော ပုဂ္ဂိုလ်တဦးဖြစ်ပြီး၊ သူအမြန်ဆုံးကျန်းမာလာစေရေး အခုလိုဆုတောင်းပွဲ ပြုလုပ်ရတာလို့ တောင်ကုတ်မြို့နယ်၊ အန်အယ်လ်ဒီပါတီဝင် လူငယ်တာခံ ဦးသက်ထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကျနော်တို့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အတွက် ဗိုလ်ချုပ်အောင်ဆန်း ကျနော်တို့အတွက် လက်ဆောင်ပေးခဲ့တဲ့ အရာတခုပေါ့။ သူဟာ ကမ္ဘာ့ခရီးစဉ်တွေကို အများကြီးသွားပြီး ခရီးပမ်းပြီးတော့ နေမကောင်းတဲ့အခါမှာ သူအမြန်ဆုံး နေကောင်းအောင် ကျနော်တို့က ဆုတောင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။”

တိုင်းပြည်အပြောင်းအလဲကာလမှာ အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာ ဖို့လိုအပ်ပြီး၊ သူကျန်းမာမှ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်မှ ဦးဆောင်ကော်မတီ ဦးဇေယျကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီအပြောင်းအလဲကာလဟာ မရောက်သေးပါဘူး။ မပြီးဆုံးသေးပါဘူး။ ဒီလို အပြောင်း အလဲကာလမှာ ပြည်တွင်းရဲ့ မောင်းနှင်းအားဖြစ်ဖြစ်။ ပြည်ပနဲ့ချိတ်ဆက်ပြီး မောင်းနှင်းအား ဖြစ်ဖြစ် နိုင်ငံတော်အတိုင်အပင်ခံကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်။ သူကျန်မာရေး မကောင်းလို့ရှိရင် ကျနော်တို့ ဒီမိုကရေဒီ Devploment သွားနေတဲ့အချိန်မှာ အများကြီး ထိခိုက်စေပါတယ်။ သူ့ရဲ့ကျန်းမာရေး မြန်မြန်ကောင်းမွန်လာစေဖို့အတွက် ကျနော်တို့ တောင်ကုတ်ဒေသခံအနေနဲ့က ရောတက်နိုင်သလောက် ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။”

အခုလိုမျိုးညင်သာတဲ့ အရွှေ့အပြောင်းတခုကို သွားနေတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအလွန် တရာမှအရေးပါပြီး၊ သူပြန်လည်ကျန်းမာလာစေဖို့ အခုလိုဆုတောင်းပွဲ ပြုလုပ်ရာ တောင်ကုတ်မြို့၊ အန်အယ်လ်ဒီ လူငယ်အဖွဲဝင် ကိုသန့်ဇင်ဖြိုးက ဒီဗွီဘီကိုပြောပါတယ်။

“အခုလိုမျိုးညင်သာတဲ့အရွေးတစ်ခုရောက်အောင်သူ့ရဲ့အခန်းအခန်းကဏ္ဍကဟာအမတင်မှအရေး ပါပါတယ်။ ဒီအချိန်မှာ သူသာအမခုအချိန်မျိုးမှာ မကျန်းမမာဖြစ်သွားခဲ့ရင်ကျနော်တို့ နိုင်ငံရေးအမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်း ပေါ်ကရော၊ လက်ရှိရှိနေတဲ့ နိုင်ငံရေးအကူအပြောင်းညင်သာမှုဟာရော အရသာ မတင် ပေါ့ပြီးတော့ သွေးထွက်သံယိုမှုတွေနိုင်ငံရေးအကြမ်းဖက်မှုတွေဟာ အစီအရီထွက် ထွက်ပေါ်လာနိုင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးစစ်ဆေးခဲ့ရာမှာ သူ့ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေအတွင်း အစီအစဉ်တွေများပြားလွန်းပြီး နားချိန်နည်းပါးလို့ ပင်ပန်းနွမ်းနယ်မှု၊ စားချိန်သောက်ချိန်မမှန်ဖြစ်ပြီး အစာအိမ်ရောင်ရမ်းခြင်း၊ ကွန်ပျူတာ အကြည့်များပြီး၊ အရိုးကျီးပေါင်းတက်ခြင်းတွေ တွေ့ရှိရကြောင်း၊ ဒါပေမယ့် ကျန်းမာရေး အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာမရှိဘဲ ကောင်းမွန်နေရှိပြီး အချိန်အနည်းငယ် အနားယူဖို့လည်း လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း-၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013