
စစ်အာဏာရှင် လက်ထက်က ပထမဆုံးနဲ့ နောက်ဆုံး တပ်တွင်းတော်လှန်ရေးအကြောင်း ရေးထားတဲ့ ကောလိပ်သူပုန်အမည်ရှိ မှတ်တမ်းစာအုပ်ကို ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။ စက်တင်ဘာလမှာ ထုတ်ဝေ ဖြန့်ချိလိုက်တာဖြစ်တယ်လို့ စာအုပ်ရေးသားသူ ကိုကျော်သူစိုးက ပြောပါတယ်။
ကောလိပ်သူပုန် စာအုပ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ စတင်ထုတ်ဝေခဲ့တဲ့ မြန်မာ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၁ က စပြီး အခန်းဆက် ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ စုပေါင်းထားပြီး တပ်မတော်နည်းပညာကောလိပ် (ပြင်ဦးလွင်) တက်တုန်းက စီနီယာတွေ၊ ဂျူနီယာတွေနဲ့ အပတ်စဉ်တူညီနောင်တွေရဲ့ အသံတွေကိုပါ ပေါင်းစုပြီးဖော်ပြနိုင်ဖို့ ကြိုးစားထားတယ်လို့ စာအုပ်ရေးသားသူ ကိုကျော်သူစိုးက ပြောပါတယ်။
ဒါ့အပြင် တပ်မတော်နည်းပညာကောလိပ် ကျောင်းတွင်း အခြေအနေတွေ၊ သင်တန်းသား ဘ၀တွေ၊ အရာရှိတွေက သင်းတန်သားတွေက ဖိနှိပ်ဆက်ဆံတာတွေကို ကောလိပ်သူပုန်မှာ ထည့်သွင်း ရေးသားထားပါတယ်။
ဒီစာအုပ်ဟာ တပ်မတော်မုန်းတီးရေး လှုံ့ဆော်တဲ့စာအုပ်မ ဟုတ်ပါဘူးလို့လည်း စာရေးသူက ဆိုပါတယ်။ ကိုကျော်သူစိုးနှင့် တခြားကျာင်းသားတွေဟာ စစ်တပ်ကနေ စစ်ပုန်ကန်မှုနဲ့ စွပ်စွဲပြီး သေဒဏ်ချဖို့ စီမံခံခဲ့ရပြီး စစ်ဆေးတဲ့အခါမှာတော့ သေဒဏ်ကနေပြောင်းပြီး တပ်မတော် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
သတင်း - မင်းရဲစစ်နိုင်











