DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းအတွက် အမျိုးသမီး ၂၈၀၀ နှစ်စဉ်သေဆုံးနေ
DVB
·
September 28, 2016
ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းအတွက် အမျိုးသမီး ၂၈၀၀ နှစ်စဉ်သေဆုံးနေ
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသမီး ၂၈၀၀ ဟာ ကလေးမီးဖွားတာနဲ့ ကိုယ်ဝန်ဆောင်တာအတွက် နှစ်စဉ် သေဆုံးနေရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအစီရင်ခံစာ နောက်ဆက်တွဲအဖြစ် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က စက်တင်ဘာလမှာ ထုတ်ပြန်လိုက်တာပါ။

လူငယ် အမျိုးသမီး ၅ ဦး သေဆုံးတာမှာ ၁ ဦးဟာ ကိုယ်ဝန်ဆောင်၊ မီးဖွားတာကြောင့်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“ဒီတွေ့ရှိချက်က အမျိုးသမီးတွေရဲ့ ဆင်းရဲဒုက္ခနဲ့ ကျန်ရစ်တဲ့ မိသားစုတွေရဲ့ ဒုက္ခကို ဖော်ပြနေပါတယ်။ သားသမီးနည်းနည်းပဲမွေးဖို့ ရွေးချယ်ခဲ့ရင်တော့ သေဆုံးနှုန်း လျော့သွားနိုင်ပါတယ်။ ဒီအစီရင်ခံစာက မြန်မာနိုင်ငံမှာ ပိုကောင်းတဲ့ မိသားစု စီမံကိန်းတွေ လိုအပ်နေတယ်ဆိုတာ ပြနေတယ်” လို့ UNFPA မြန်မာနိုင်ငံကိုယ်စားလှယ် ဂျဲနက် အီး. ရျက်ဆန် (Janet E. Jackson) က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မိခင်သေဆုံးမှုအချိုးဟာ အာဆီယံနိုင်ငံတွေထဲမှာ ဒုတိယအမြင့်ဆုံး ဖြစ်နေပါတယ်။

ကလေးမွေးဖွားပြီး မကြာခင် ရက်သတ္တပတ်အတွင်းမှာပဲ မွေးဖွားတာ၊ စောင့်ရှောက်မှု အားနည်းတာတွေကြောင့် အမျိုးသမီး ၈ ဦး နေ့တိုင်းသေဆုံးနေတာပါ။

သေဆုံးနှုန်းမြင့်ရတာဟာ ဆင်းရဲချို့တဲ့တာနဲ့ အထီးကျန်တာတွေကြောင့် ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆင်းရဲပြီး ပညာချို့တဲ့သူတွေမှာတော့ ပိုဆိုးတယ်လို့လည်း ဆိုပါတယ်။

ငယ်ရွယ်လွန်းတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေဟာ သေဆုံးနှုန်းများပြီး အသက် ၄၀၊ ၄၅ နှစ်အရွယ်မှာ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေကတော့ သာမန်ထက် သေဆုံးနှုန်း ၄ ဆ ပိုနေတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013