DVB Logo
Home
မြန်မာသတင်း
သံတွဲတွင်မီးလောင်၊ လူ ၂ ဦး သေဆုံး
DVB
·
September 27, 2016
သံတွဲတွင်မီးလောင်၊ လူ ၂ ဦး သေဆုံး
1 / 4
Donate to DVB

ဒီကနေ့ နေ့လယ် ၂ နာရီလောက်က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် ၅ ရပ်ကွက် အထကကျောင်းရှေ့က နေအိမ်တလုံး မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံးသွားပါတယ်။

လတ်တလော အလောင်း ၂ လောင်း ရရှိထားပြီး ကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ဟုတ်ကဲ့ခင်ဗျာ။ ဒီနေ့တနာရီခွဲလောက်က မီးလောင်ပါတယ်။ အခု အဲ့ဒီနေရာကို ကျနော်တို့ ရောက်နေပါတယ်။ ကယ်ဆယ်ရေးလုပ်နေရလို့ အရမ်းအလုပ်များနေပါတယ်ခင်ဗျ။ ညနေကျမှ အားလုံး အတိအကျပြောလို့ ရမယ်ခင်ဗျ။ လူက မီးလောင်လို့ နှစ်ယောက်သေဆုံးပါတယ်။ အမျိုးသားတယောက် အမျိုးသမီးတယောက်ပါ ခင်ဗျ။ ဒီလောက်ပဲ ကျနော်တို့ ပြောလို့ရပါမယ်။ အရမ်းအလုပ်များနေကြပါတယ်။"

လက်ရှိအချိန်မှာတော့ ဘယ်ကစလောင်တယ်ဆိုတာ မသိရသေးဘဲ မီးငြှိမ်းသတ်နေတယ်လို့ မီးသတ်စခန်းက ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ကိုထွန်းသန့်ကျော်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013