DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲခွင့်ပြုမိန့်ထုတ်ပေးရန် သမ္မတထံတောင်းဆို
DVB
·
September 27, 2016
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲခွင့်ပြုမိန့်ထုတ်ပေးရန် သမ္မတထံတောင်းဆို
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုခွင့်ပြုမိန့် ထုတ်ပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က နိုင်ငံတော် သမ္မတဆီကို လျှောက်ထား တောင်းခံလိုက်ပါတယ်။

ကော်မရှင်ဟာ ဥပဒေပြဋ္ဌာန်းချက်တွေကို မျက်ကွယ်ပြုပြီး မှုခင်းကို ထိန်ချန်ခဲ့တယ်လို့ တောင်းဆိုတဲ့ရှေ့နေက စွပ်စွဲပါတယ်။

မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်က အိမ်အကူ မိန်းကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တာမှာ ထောင်ဒဏ် ၇ နှစ်၊ ၁၀ နှစ်နဲ့ နှစ် ၂၀ ကျခံစေရနိုင်တဲ့ အမှုတွေကို ကော်မရှင်ဆီ ရောက်လာခဲ့ပေမယ့် ရဲစခန်းတွေကို အကြောင်းမကြားခဲ့ဘူးလို့ လျှောက်ထားစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်  ကော်မရှင်ဟာ ရာဇဝတ်မှုကို ဥပဒေနဲ့အညီ ဖြေရှင်းရမယ်ဆိုတာကို မလိုက်နာဘဲ အမှုကို ငွေကြေးနဲ့ ညှိနှိုင်းပေးခဲ့တာဟာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေပါလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးလုံးကို ရာဇဝတ်မှုနဲ့ မူလအမှုတွေကို လက်ခံစစ်ဆေးပေးနိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုသွားဖို့ စီစဉ်နေတယ်လို့ ဦးရောဘတ်စန်းအောင်က သူ့ရဲ့ လျှောက်ထားစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို လိုအပ်သလို ဖြေရှင်းဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တဲ့အကြောင်းနဲ့ နစ်နာမှုတွေကို ကုစားပေးနိုင်ဖို့အတွက် သဘောရိုးနဲ့ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်တယ်လို့ မနေ့က ပြည်သူ့လွှတ်တော်မှာ ပြောသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013