DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေး ဆွေးနွေး
DVB
·
September 26, 2016
ပြည်ထောင်စုငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေး ဆွေးနွေး
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ (စီတီ)၊ အန်စီအေလက်မှတ်မထိုးသေးတဲ့ ယူအန်အက်ဖ်စီ- ဒီပီအန် အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ (ပီပီအက်စ်တီ) က ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

အဓိကအားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပစ်ရပ်လက်မှတ်ထိုးတဲ့ အဖွဲ့ရော မထိုးရသေးတဲ့အဖွဲ့ပါ အားလုံးပါဝင်လာစေဖို့ ညှိနှိုင်းဆွေးနွေးကြတာလို့ ဆွေးနွေးပွဲကို စီတီ အဖွဲ့ဝင်အနေနဲ့ တက်ရောက်တဲ့  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က ဗိုလ်မှူးကြီး စိုင်းလ က ဒီဗွီဘီကို ပြောပါတယ်။

“အန်စီအေ လက်မှတ်ထိုးပြီးတဲ့အဖွဲ့နဲ့ မထိုးရသေးတဲ့အဖွဲ့ကြား အထင်မြင်လွဲမှားမှုတွေ မရှိစေဖို့၊ အနာဂတ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတကွပါဝင်လာကြဖို့၊ အဲဒီ ဖြစ်စဉ်အတွက်  မူဘောင်တွေ ရေးဆွဲချမှတ်ရာမှာ အတူပါဝင်ကြဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲကို Strategy Consultation Meeting လို့ အမည်ပေးထားပြီး စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်ထိ ၅ ရက်ကြာကျင်းပဖို့ ရည်ရွယ်ထားပေမယ့် လိုအပ်သလို ရက်ထပ်တိုးဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်း ဆွေးနွေးပွဲ အစီအစဉ်မှာ ယူအန်အက်ဖ်စီရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့  ခေါင်းဆောင်  ခူဦးရယ်နဲ့  အပစ်ခတ်ရပ်လက်မှတ်ထိုးအဖွဲ့ရဲ့ ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထာလာဟေး တို့က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013