DVB Logo
Home
မြန်မာသတင်း
ဘရာဇီးက ဂူတဂူကို ဖောက်ခွဲရာမှ ဧရာမအန်နာကော်ဒါ မြွေကြီးတွေ့ရှိ (ရုပ်သံ)
DVB
·
September 26, 2016
ဘရာဇီးက ဂူတဂူကို ဖောက်ခွဲရာမှ ဧရာမအန်နာကော်ဒါ မြွေကြီးတွေ့ရှိ (ရုပ်သံ)
Donate to DVB

ဘရာဇီးနိုင်ငံမြောက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအနီးမှာ ဂူတခုကို ဖောက်ခွဲလိုက်ရာမှ အရှည် ၃၃ ပေရှိတဲ့ အန်နာကော်ဒါမြွေကြီးတကောင်ကို တွေ့ခဲ့ရပါတယ်။

အဲဒီမြွေကြီးဟာ အလေးချိန် ၄၀၀ ကီလိုဂရမ်ရှိပြီး ဆောက်လုပ်ရေးလုပ်သားတွေက တွေ့ရှိခဲ့ကြတာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အလုပ်သမားတဦးက မြွေကြီးရဲ့ ကြီးမားလှတဲ့ ခန္ဓာ ကိုယ်ကို ရိုက်ပြခဲ့တာကို တွေ့ရပြီး သူ့ရဲ့အချင်းဟာ ၁ မီတာလောက်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါမြွေကြီးကို ဆောက်လုပ်ရေးအလုပ်သမားတွေက သတ်ခဲ့သလား၊ ဘာ ကြောင့် သေသွားခဲ့ရသလဲဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီမြွေကြီးကို ချည်နှောင်ကာ ကရိန်းနဲ့ မဆွဲတင်ခဲ့ ရတာကို တွေ့ရတဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။

အင်တာနက်အသုံးပြုသူတဦးကတော့ “ဒါဟာ အမှန်ပဲလားဆိုတာ မသိနိုင်ပါဘူး။ တကယ်ဆိုရင်တော့ ခုလိုမြွေကြီးကို သတ်လိုက်တာဟာ တော်တော့ကို ရှက်စရာ ကောင်းပါတယ်။ ခုလိုပုံတွေနဲ့ ဖော်ပြခံရဖို့ ဒီလောက်အရွယ်အစားရောက်အောင် ကြီး ပြင်းရှင်သန်ခဲ့ရတဲ့ မြွေကြီးအတွက်ပါ”လို့ ဝေဖန်လိုက်တာပါ။

လက်ရှိမှာတော့ ဂီးနက်စ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးမြွေကြီးဟာ အမေရိကန်နိုင်ငံ၊ ကန်ဆတ်စ်မြို့မှဖြစ်ပြီး အရှည် ၂၅ ပေသာ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းဟာ ဘရာဇီးနိုင်ငံ၊ ဇင်ဂူမြစ်ပေါ်မှာ တည်ရှိပြီး ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကာတာ တည် ဆောက်ရေး စီမံကိန်းတခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013