DVB Logo
Home
မြန်မာသတင်း
“ကျွန်းတထောင်ရေလွှမ်းတော့မယ်” ရုပ်သံမှတ်တမ်း မြို့ကြီး ၃ မြို့တွင် တပြိုင်နက်ပြသမည်
DVB
·
September 26, 2016
“ကျွန်းတထောင်ရေလွှမ်းတော့မယ်” ရုပ်သံမှတ်တမ်း မြို့ကြီး ၃ မြို့တွင် တပြိုင်နက်ပြသမည်
Donate to DVB

ရှမ်းဘာသာနဲ့ ကျွန်းတထောင်လို့ အဓိပ္ပာယ်ရတဲ့ ရှမ်းပြည်နယ် ကွန်ဟိန်းဒေသရဲ့ သဘာဝအလှ၊ လူနေမှုဘ၀ထုံးတမ်းတွေနဲ့ ရေကာတာရဲ့ ဆိုးကျိုးတွေအကြောင်း  ရိုက်ကူးထားတဲ့ “ကျွန်းတထောင်ရေလွှမ်းတော့မယ်” အမည်ရ ရုပ်သံမှတ်တမ်းကို စက်တင်ဘာ ၂၈ ရက်နေ့ ရန်ကုန်၊ တောင်ကြီးနဲ့ ချင်းမိုင် မြို့ကြီး ၃ မြို့မှာ ပြသဖို့ရှိပါတယ်။

ရေကာတာတည်ဆောက်ခြင်းဖြင့် အဲဒီဒေသရဲ့ သဘာ၀၀န်းကျင် ပျက်စီးမှု ဆိုးကျိုးတွေ သိရှိနားလည်ကာ ရေကာတာတည်ဆောက်မှုကို ၀ိုင်းဝန်းကန့်ကွက်နိုင်ဖို့ ရည်ရွယ်ပြီး ဒီရုပ်သံကို  ပြသမှာလို့ ပြပွဲစီစဉ်သူတဦးဖြစ်တဲ့ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“သံလွင်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်မယ်၊ အဲဒီကိစ္စကို ကျနော်တို့ CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက သဘောထားထုတ်ပြန် ကန့်ကွက်ခဲ့ပြီးဖြစ်တယ်။ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းအားလုံးကလည်း ဒီကိစ္စကို သဘောမကျဘူး၊ မလုပ်စေချင်ဘူး၊ အဲဒီတော့ သံလွင်မြစ်ရဲ့ အလှအပတွေပြမယ်၊ ပြီးရင် အဲဒီမှာ မှီခိုစားသုံးနေတဲ့ ကျေးရွာပတ်ဝန်းကျင်တွေ ဘယ်လိုအနေအထားမျိုးရှိတယ်၊ သဘာဝပတ်ဝန်းကျင် ဘယ်လိုအနေအထားမျိုးရှိတယ်၊ အဲဒါတွေကို လူထုကိုသိအောင်လုပ်မယ်၊ ပြီးရင် အဲပေါ်မှာ ဆည်ဆောက်လိုက်တာနဲ့ တာတမံဆောက်လိုက်တာနဲ့ ဘယ်လိုဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေရှိလဲဆိုတာ ကျနော်တို့ ရှင်းပြမယ်။”

ရုပ်သံပြပြီးရင်လည်း ပွဲစီစဉ်သူတွေနဲ့ ပရိသတ်အကြား ဆွေးနွေးပွဲ၊ မေးဖြေခန်းတွေလုပ်ဖို့ စီစဉ်ထားပြီး ရန်ကုန်မှာဆိုရင် သံလွင်ဒေသနေ တိုင်းရင်းသားတွေနဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေပါ လာရောက်ဆွေးနွေးပေးသွားမယ်လို့  သူက ဆက်ပြောပါတယ်။

အဆိုပါ ရုပ်သံမှတ်တမ်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အော့ကစ်ဟိုတယ်မှာ မနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲထိလည်းကောင်း၊ တောင်ကြီးမြို့ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်မှာ မနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲထိလည်းကောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ပါပေါက်ဘုန်းကြီးကျောင်းမှာ ညနေ ၆ နာရီမှ ည ၉ နာရီထိလည်းကောင်း အသီးသီးပြသသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၈ ရက်နေ့ တရက်တည်းမှာပဲ ဒီဗွီဘီ ရုပ်မြင်သံကြား အစီအစဉ်နဲ့ ထိုင်းပီဘီအက်စ် (Thai Pbs) ရုပ်မြင်သံကြားတို့မှလည်း ဒီရုပ်သံကို ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဗွီဘီမှာ ညနေ ၆ နာရီ ၁၅ မိနစ်နဲ့ Thai Pbs မှာ မွန်းလွဲ ၁ နာရီခွဲ အချိန်တွေမှာ စောင့်ကြည့်နိုင်ပါတယ်။

အဆိုပါ ရုပ်သံမှတ်တမ်းကို Action for Shan State Rivers ရှမ်းပြည်နယ်တွင်းရှိ မြစ်ချောင်းအင်းအိုင်များအတွက် လှုပ်ရှားမှုအဖွဲ့က စီစဉ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013