DVB Logo
Home
မြန်မာသတင်း
မလေးရှားသွားမည့် မြန်မာ ၇ ဦးကို ထိုင်းတွင်ဖမ်းမိ
DVB
·
September 26, 2016
မလေးရှားသွားမည့် မြန်မာ ၇ ဦးကို ထိုင်းတွင်ဖမ်းမိ
Donate to DVB

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာ ထိုင်းနိုင်ငံကို ကြားခံမြေအဖြစ် အသုံးပြုပြီး မလေးရှားသွားမယ့် မြန်မာ ၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ဘစ်စနစ်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င် ၀င်ရောက်လာသူတွေ ခိုဝင်နေကြောင်း ကြိုတင်သတင်းရထားချက်အရ ဆဒေါင်းမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူး နိုင်းနဖွန်းဖားဟုမန်ဒိုနဲ့ အမှတ် ၄၃၇ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက် မနက် ၁ နာရီခန့်က ဆမ်နတ်ခမ်ကျေးရွာအုပ်စုရှိ ရာဘာတောတခုထဲကို ၀င်ရောက်ရှာဖွေခဲ့တာပါ။

သူတို့ရောက်သွားတဲ့အချိန်မှာ ၁ ဦးက ထွက်ပြေးလွတ်မြောက်သွားပြီး ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း လက်ထောက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲက အသက် ၃၀ အရွယ် ကိုမြဆိုသူ ပြောပြချက်အရ သူတို့တွေဟာ မြန်မာပြည်ပြည်ကနေ ပွဲစားနဲ့ ရောက်လာကြတာဖြစ်ပြီး ပွဲစားက ဟိုင်းလပ်ကားတစီးနဲ့ တင်လာပြီး ရာဘာတောထဲ လာချထားကြောင်း၊ ဒီတောထဲကနေ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ လာခေါ်မယ့်သူကို စောင့်ဆိုင်းနေစဉ် ခုလို အဖမ်းခံရကြောင်း  တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။

သူတို့လိုပဲ မလေးရှားဘက်သွားဖို့ တောထဲကနေ စောင့်နေတဲ့သူတွေ အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။

ပွဲစားအမည်ကိုတော့ မသိရကြောင်း ဖြေကြားခဲ့တာကြောင့် တာဝန်ရှိသူတွေက ကွင်းဆက်ရှာဖွေဖော်ထုတ်ပြီး ဆက်လက်အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013