DVB Logo
Home
မြန်မာသတင်း
အိမ်ခေါင်မိုးစွန်းတခုပေါ်မှ အခြားတခုပေါ် စွန့်စားခုန်ချသည့် ဆယ်ကျော်သက်(ရုပ်သံ)
DVB
·
September 25, 2016
အိမ်ခေါင်မိုးစွန်းတခုပေါ်မှ အခြားတခုပေါ် စွန့်စားခုန်ချသည့် ဆယ်ကျော်သက်(ရုပ်သံ)
Donate to DVB

ဗြိတိန်နိုင်ငံမှ ဆယ်ကျော်သက်တဦးဟာ အိမ်ခေါင်မိုးစွန်းတခုပေါ်ကနေ အခြား တခုပေါ်ကို စွန့်စားခုန်ချတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ရဲတွေက သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်လို့ မေရာသတင်းမှာ စက်တင်ဘာလ ၂၂ ရက်နေ့က ဖော်ပြပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မျှဝေခဲ့တဲ့ မှတ်ချက်တွေမှာတော့ ဒီအဖြစ်အပျက်ဟာ ဒါလင်တန်မြို့၊ ၀က်စ်တ်ပါ့ခ်ဒေသမှ အိမ်ရာသစ်တခုထဲမှာဖြစ်နိုင် တယ်လို့ ဖော်ပြကြတာပါ။

ဒါလင်တန်ရဲတပ်ဖွဲ့ကလည်း ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီဆယ်ကျော်သက်ကောင်လေးဟာ ခေါင်မိုးစွန်းကနေ ခုန်လိုက်ချိန်မှာ သူ့ရဲ့ သူငယ်ချင်းတွေဟာ အနီးမှာ ရှိနေခဲ့ပြီး ရယ်မောနေခဲ့တာကို တွေ့ရပါတယ်။

သူဟာ အရှိန်နဲ့ တခြားခေါင်မိုးဆီ ရောက်ရှိခဲ့ချိန်မှာ အိမ်အမိုးအုပ်ကြွပ်တွေဟာ မြေကြီးပေါ် ပဲ့ကျတဲ့ အသံကိုတောင် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါလင်တန်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာတော့ “ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ အဆုံးသတ်ဖို့ဆိုတာ ဘယ်လောက်လွယ်ကူတယ်ဆိုတာကို ဒီရုပ်သံဗွီဒီယိုဖိုင်က သက် သေပါပဲ။ လူငယ်တွေဟာ သူတို့လုပ်ချင်တာကို ပြသနိုင်ဖို့ပဲတွေးပြီး ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မတွေးကြဘူး’လို့ ရေးခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုတဲ့ ဘယ်သူမဆို သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစု ၀င်တွေဆီ အန္တရာယ်ကင်းကင်းနေနိုင်ကြဖို့ ပြန်ပြီး မျှဝေပေးကြဖို့ တိုက်တွန်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013