DVB Logo
Home
မြန်မာသတင်း
ရှားလော့ပစ်ခတ်မှု ရဲမှ ဗီဒီယိုနှင့် ဓာတ်ပုံသက်သေ ထုတ်ပြန်
DVB
·
September 25, 2016
ရှားလော့ပစ်ခတ်မှု ရဲမှ ဗီဒီယိုနှင့် ဓာတ်ပုံသက်သေ ထုတ်ပြန်
Donate to DVB

အမေရိကန်နိုင်ငံ ကာရိုလိုင်းနား မြောက်ပိုင်းက ရှားလော့ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပစ်ခတ်ခံရသူ ကိသ်စကော့တ်နဲ့ရဲအရာတွေကြား သိသာထင်ရှားတဲ့မေးမြန်းမှုတွေကို အနည်းငယ်ပဲဖြေဆိုမှု ပြုလုပ်ရာကနေ အသက်သေဆုံးသည့်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကို ပြထားတဲ့ ဗီဒီယိုကို ရှားလော့ရဲဌာနက စနေနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဂါင်္နေ့ပစ်ခတ်မှု ဖြစ်ပွားမှုကနေစလို့ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး ဥပေဒကိုသုံးလို့ သေစေလောက်တဲ့ အားထုတ်မှုထပ်မံဖြစ်ပွါးတယ်ဆိုပြီး နိုင်ငံနဲ့အဝှမ်း သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကိုလည်း ရနေတာပါလို့ ရှားလော့ မက်လန်ဘာ့ဂ်ရဲချုပ် ကားပွတ်နေးက ပြောပါတယ်။

အာဏာပိုင်တွေကတော့ စကော့တ်ကို ပစ်ခတ်လိုက်တဲ့ရဲဟာ အာဖရိကန်အမေရိကန် အနွယ်ဖွား လူမည်းတစ်ဦးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မြင်ကွင်းမှာ ပျောက်နေခဲ့တာကို တွေ့မြင်ရမှာဖြစ်တဲ့ ပစ်စတိုနဲ့သေနတ်ထည့်တဲ့အိတ်ရဲ့ ဓာတ်ပုံတွေကို ရဲက စနေနေ့တုန်းက ထုတ်ပြန်ခဲ့တာပါ။
စကော့မိသားစုပြောတာကတော့ သူမှာ ဘာသေနတ်မှ ရှိနေပါဘူးဆိုတာပါ။

သူက စာဖတ်နေပြီး ရဲတွေသူ့ကို ဝိုင်းတဲ့အချိန်တုန်းက သူ့မှာပြန်လည်ခုခံလိုတဲ့ပုံစံလည်း မရှိဘူးလို့ ပြောပါတယ်။
ရဲကင်မရာနဲ့ အခြားဘယ်ကင်မရာရဲ့ ဗီဒီယိုမြင်ကွင်းတွေကမှ စကော့က ရဲအရာရှိတွေကို သေနတ်နဲ့ချိန်ထားတဲ့ ပုံလည်းမပြနေပါဘူး။
ဗီဒီယိုရဲ့တနေရာမှာတော့ စကော့ရဲ့ညာဖက်လက်က သူရဲ့ညာခန္ဓာကိုယ်ဘေးမှာ ရှိနေတာပါ ဒါပေမယ့် ဒါဟာသေနတ်လား ဘာလားဆိုတာတော့ မသဲကွဲပါဘူး။

“ခင်ဗျားအနေနဲ့ သူ့လက်ထဲမှာဘာဆိုတာ သေချာမပြောနိုင်ပါဘူး” လို့ စနေနေ့ညနေကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စကော့မိသားစုဖက်က ကိုယ်စားပြောဆိုတဲ့ ရှေ့နေတဦးဖြစ်သူ ဂျက်စတင်ဘမ်ဘာ့ဂ်က ပြောပါတယ်။
ရဲချုပ်ပွတ်နေးက ဒီဗီဒီယိုကို မထုတ်လွှင့်ကတော့ “စကော့ရဲ့လက်ထဲမှာ သေနတ်ရှိတယ်ဆိုတဲ့ မျက်မြင်သက်သေ တိတိကျကျမရှိပါဘူး” လို့ပြောပါတယ်။

ရဲချုပ်ဆက်ပြောတာက ဒီဗီဒီယိုတွေက သက်သေအချို့ပါပဲ။
ဒီပစ်ခတ်မှုဟာ မျှတတယ်ဆိုတာကိုလည်း လုံးဝပြသနေတာပါ။

စကော့မိသားစုရဲ့ရှေ့နေဘမ်ဘာ့ဂ်ကတော့ ဒီဗီဒီယိုကဗျာ စကော့အသက်ဆုံးရှုံး ရလောက်အောင် ဘာသက်သေမှ မတွေ့ရပါဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013