မိုးရွာသွန်းမှုကြောင့် ပုဂံဘုရားတချို့ ထပ်မံပြိုကျ
DVB
·
September 25, 2016

1 / 5
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ညက မိုးရွာသွန်းတဲ့ဒဏ်ကြောင့် ပုဂံဘုရားတချို့ ထပ်မံပြိုကျခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် အက်ကွဲဒဏ်ရာတွေ ဖြစ်ပေါ်နေမှုနောက်ပိုင်းမှာ မိုး ရွာသွန်းမှုကြောင့် ရေစိမ့်ဝင်ပြီးဘုရားတွေ ဆက်တိုက်ဆိုသလို ပြိုကျနေတယ်လို့ ပုဂံဒေသခံ ကိုဟန်အေးက ပြောပါတယ်။
ပုဂံမြို့ဟောင်း တောင်ဘီလယ်ယား ကျေးရွာ အရှေ့ဘက်ယွန်းယွန်းမှာ တည်ရှိတဲ့ ဘုရားအမှတ် ၂၀၆၇ နဲ့အတူ မြစည်းခုံစေတီအနီးက ဘုရားအမှတ် ၂၀၉၅ နဲ့ ကျန်ဘုရား ငါးဆူထက်မနည်း ပြိုကျပျက်စီး နေတယ်လို့ ဆိုပါတယ်။










