DVB Logo
Home
မြန်မာသတင်း
အောင်ဆန်းကွင်းတွင် မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂၀၁၆ ကျင်းပ (ဓာတ်ပုံ)
DVB
·
September 25, 2016
အောင်ဆန်းကွင်းတွင် မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂၀၁၆ ကျင်းပ  (ဓာတ်ပုံ)
1 / 15
Donate to DVB

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂၀၁၆ ကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့အောင်ဆန်းကွင်းမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဦးဇာဂနာ၊ ဦးနေဖုန်းလတ်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တက်ရောက်ခဲ့ပါတယ်။

ညနေ ၄ နာရီမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများဘောလုံးအသင်းနဲ့ Artist United Peace FC တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဘောလုံးပွဲမတိုင်ခင် စောဖိုးခွားနဲ့ အခြားအနုပညာရှင်များ လူရွှင်တော်များက ဖျော်ဖြေခဲ့ကြပြီးတော့ ပရိသတ်များဟာလည်း အထူးတန်းပွဲကြည့်စဉ်အပြည့် လာရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။

အဲဒီပွဲမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဖော်ကျူးထားတဲ့ သီချင်းများနဲ့ အနုပညာရှင်တွေက သီဆိုဖျော်ဖြေခဲ့ပြီးတော့ မှုတ်ဆေးနဲ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီရေးဆွဲတာတွေလည်းပြုလုပ်ခဲ့ပါတယ်။

ညနေ ၄ နာရီအချိန် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဘောလုံးအသင်းနဲ့ Artist United Peace FC တို့ယှဉ်ပြိုင်ကစားရာမှာတော့ Artist United Peace FC အသင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများဘောလုံးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

Artist United Peace FC အသင်းမှာတော့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက သန်းသန်းထွေး၊ ဦးတင်မြင့်အောင်၊ ဇာနည်၊ စောဖိုးခွား အစရှိတဲ့ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ-လျှမ်းလူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013