DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်အတွင်းကအဆောက်အဦတွေ လတ်တလောဖျက်သိမ်းရန် အစီစဉ်မရှိ
DVB
·
September 25, 2016
မောင်တောခရိုင်အတွင်းကအဆောက်အဦတွေ လတ်တလောဖျက်သိမ်းရန် အစီစဉ်မရှိ
Donate to DVB

 

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာရှိတဲ့ တရားမ၀င် ဆောက်လုပ်ထားတဲ့ ဗလီတွေ အပါအဝင် အဆောက်ဦတွေကို လတ်တလောဖျက်သိမ်းဖို့ အစီစဉ်မရှိသေးဘူးလို့ ရခိုင်ပြည်နယ် နယ်စပ်ဒေသ နှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ တရားမ၀င် ဆောက်လုပ်ထားတဲ့ ဗလီတွေ အပါအဝင် အဆောက်ဦဖြိုဖျက်မယ့်သတင်းနှင့် ပတ်သက်လို့ ဒေသခံတွေ အနေနဲ့ စိုးရိမ်နေမှု အပေါ်ဒီကနေ့ စက်တင်ဘာ လ ၂၄ ရက်နေ့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။

“တရားမဝင် အဆောက်အဦတွေနဲ့ ပတ်သက်ပြီးတော့အမျိုးအစားအလိုက် နေရာအလိုက် စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါတွေကို သေချာလုပ်ပြီးတော့ ပြည်နယ်အစိုးရကို တင်ပြပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခရိုင်အဆင့်က တင်ပြတာတွေကို စိစစ်တုန်း ရှိပါသေးတယ်။ မြို့နယ် ခရိုင်အဆင့် တင်ပြလာတဲ့အဆောက်အဦတွေက တော်တော်လေးကို များပြားနေတယ်။”

ဘူးသီးတောင်နဲ့ မောင်တော်မြို့နယ်တွေမှာ လယ်မြေတွေဥယျာဉ်တွေ၊ တောင်ကုန်း တောင်တန်းမြေတွေ၊ စားကျက်မြေတွေတို့လို နေရာတွေမှာ တည်ဆောက် ထားတာတွေ ဖြစ်တဲ့အတွက် ခရိုင်အဆင့် တင်ပြတာတွေကို စိစစ်တုန်းရှိပါသေးတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး အဆောက်အဦတွေဟာ တရားမ၀င်ဟုတ် မဟုတ်ကို စိစစ်ဆောင်ရွက်ပြီး တည်ဆဲဥပေအရ လုပ်ဆောင်မှာ ဖြစ်သလို စည်ပင်နိမိတ်အတွင်းစည်းနဲ့ကမ်းနဲ့ တည်ဆောက် ထားတဲ့ အဆောက်အဦတွေဟာ တရားဝင်တယ်လို့ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် အပါအ၀င် ဌာနဆိုင်ရာတွေ မွတ်စလင်အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံမှုမှာဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ တရားမ၀င် ဆောက်လုပ်ထားတဲ့ ဗလီတွေ အပါအဝင် အဆောက်အဦတွေကိုဖျက်သိမ်းဖို့ ပြောဆိုခဲ့တာပါ။

ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့စာရင်းဇယားအရ မောင်တောမြို့နယ်အတွင်းမှ တရားမဝင်အဆောက်အဦတွေကတော့ ဗလီ ၉ လုံး၊ အာရ်ဗီကျောင်း ၂၄ ကျောင်း၊ လူနေအိမ် ၁၆၆၇ လုံး၊ ဈေးဆိုင် ၄၄၅ ဆိုင် နဲ့ အခြားအဆောက်အဦ ၁၂၅ ခု၊ စုစုပေါင်း ၂၂၇၀ ခုရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်မှာ ဗလီ ၃ လုံး၊ အာရ်ဗီကျောင်း ၁၁ ကျောင်း၊ လူနေအိမ် ၈၇၆ အိမ်၊ ဈေးဆိုင် ၁၅၉ ဆိုင် နဲ့ အခြားအဆောက်အဦ ၇ ခု၊ စုစုပေါင်း ၁၀၅၆ ခုရှိတယ်လို့ သိရပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013