DVB Logo
Home
မြန်မာသတင်း
သမ္မတကို အွန်လိုင်းကဆဲသည့်သူ ထောင် ၉ လ ကျ
DVB
·
September 24, 2016
သမ္မတကို အွန်လိုင်းကဆဲသည့်သူ ထောင် ၉ လ ကျ
Donate to DVB

အွန်လိုင်းပေါ်ကနေ သမ္မတဦးထင်ကျော်ကို ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေနဲ့ ပြောဆို စော်ကား ရေးသားခဲ့သူကို မြ၀တီတရားရုံးက ထောင်ဒဏ် ၉လ ချမှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ လခန့်က မြ၀တီမြို့ဖွံ့ဖြိုးရေးကော်မတီဝင်တဦးဖြစ်တဲ့ ဦးအောင်ဝင်းလှိုင် (ခ) အညာသား ဆိုသူဟာ သမ္မတက မြို့ဖွံ့ဖြိုးရေးထောက်ကူကော်မတီများ ဖျက်ပစ်လိုက်တဲ့အပေါ် မကျေနပ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ကြမ်းတမ်းတဲ့စာတွေ ရေးခဲ့ပါတယ်။

တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ မြ၀တီမြို့နယ်အန်အယ်လ်ဒီ အလုပ်မှုဆောင်ကော်မတီဝင် ဒေါ်မိုးသူ ပြောပြတာက “ဖွံ့ထောက်ကော်မတီဖျက်မယ်ဆို ဘာဖြစ်လို့ ရွေးနေသေးလဲ၊ ဒီ သမ္မတ က စောက်ရူးလား၊ ငပေါလားပေါ့။ အဲ့ဒီလိုမျိုး သမ္မတ အုပ်ချုပ်တာ မြန်မာတနိုင်ငံထဲ ရှိတယ်ပေါ့၊”

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး တရားခံကလည်း ၀န်ခံတဲ့ အတွက် စက်တင်ဘာ ၂၃ရက်မှာ မြ၀တီတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အရင် အစိုးရလက်ထက်မှာ စစ်တပ်အကြီးအကဲအပေါ် ဆဲဆိုတဲ့သူတွေကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆို ထောင်ချခဲ့ဖူးပြီး အခု အစိုးရသစ်လက်ထက်မှာတော့ သမ္မတကို ဆဲတဲ့သူ ထောင်ဒဏ်ပေးခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013