DVB Logo
Home
မြန်မာသတင်း
အင်းတော်ဘူတာနှင့် နဘားဘူတာအကြား လူစီးရထား တံတားအောက်ထိုးကျ
DVB
·
September 24, 2016
အင်းတော်ဘူတာနှင့် နဘားဘူတာအကြား လူစီးရထား တံတားအောက်ထိုးကျ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် အင်းတော်နဲ့ နဘားဘူတာအကြား တံတားအမှတ် ၄၃၁ မှာ စက်တင်ဘာ ၂၄ ရက် မနက် ၁၀ နာရီက မန္တလေး-မြစ်ကြီးနား အမှတ်-၄၁ အဆန်စာပို့ လူစီးရထားစက်ခေါင်း တံတားအောက်သို့ ထိုးကျမှုဖြစ်ပွားခဲ့ပါတယ်။

ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေမယ့် ရထားစက်ခေါင်းမောင်းသူကတော့ ဦးခေါင်းမှာပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ရာနေရာကို နဘား၊ အင်းတော်မီးရထားဘူတာမှ တာဝန်ရှိသူတွေက သွားရောက်ပြုပြင်နေပြီး ရထားလမ်းပိုင်း ပြင်ဆင်ပြီးစီးမယ့်အချိန်ကိုတော့ မခန့်မှန်းနိုင်သေးဘူး လို့ အင်းတော်ဘူတာမှ ဒုရုံပိုင်လေး ကိုစိုးသူရဇော်က ပြောပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013