DVB Logo
Home
မြန်မာသတင်း
အမေရိကန် ဈေးဝယ်စင်တာတွင် သေနတ်ပစ်ခတ်မှုဖြစ်၊ အမျိုးသမီး ၃ ဦး သေဆုံး (ရုပ်သံ)
DVB
·
September 24, 2016
အမေရိကန် ဈေးဝယ်စင်တာတွင် သေနတ်ပစ်ခတ်မှုဖြစ်၊ အမျိုးသမီး ၃ ဦး သေဆုံး (ရုပ်သံ)
Donate to DVB

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်က ဘာလင်တန်မြို့ ဈေးဝယ်စင်တာ တခုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၃ ဦး သေဆုံးကာ အမျိုးသား တဦးကတော့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောခဲ့ပါတယ်။

ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ လူတဦး အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွား တယ်ဆိုတဲ့ သံသယရှိသူ သေနတ်သမားရဲ့ ပုံကိုလည်း ရဲတွေက ထုတ်ပြန်ထားပါတယ်။

ရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ကက်စ်ကိတ်ဒ်ဈေးဝယ်စင်တာနဲ့ အနီးအနားကဈေးဆိုင်တွေကို ပိတ်ထားသလို လူတွေကိုလည်း အခင်းဖြစ်ရာနေရာကို မလာကြဖို့ တားမြစ်ထားပါတယ်။

သေနတ်ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။
ဒါပေမယ့်လည်း သေနတ်ပစ်ခတ်သမားလို့ သံသယရှိသူကတော့ ပစ်ခတ်မှုဖြစ်ပွားတဲ့ အနီးအနားမှာရှိတဲ့ အဝေးပြေးလမ်းမ အမှတ် ၅ ပေါ်ကို ထွက်ပြေးသွားတယ်လို့ Sealttle Times သတင်းက ထုတ်ပြန်ထားတာပါ။

ဝါရှင်တန်ပြည်နယ်က စစ်သားတဦးဖြစ်သူ ဟီသာအိတ်မန်းကတော့ မာစီကုန်တိုက်ထဲ မှာ ပစ်ခတ်သေဆုံးမှုဖြစ်တာလို့လည်း ဘီဘီစီကိုပြောခဲ့ပါတယ်။

အရေးပေါ် ဆေးတပ်သားအဖွဲ့ဟာ ဈေးဝယ်စင်တာထဲ ဝင်ရောက်ကုသပေးနေပြီး စင်တာထဲကလူတွေကို အနီးအနားက ဘုရားကျောင်းတခုထဲကို ရွှေ့ပေးထားတယ်လို့ ဝါရှင်တန်ပြည်နယ်ရဲ့ အထူးရဲပြောရေးဆိုခွင့်ရှိသူ မက်က်ဖရန်စစ်ကတော့ သူရဲ့တွီတာမှာ ရေးသားထားပါတယ်။
လူဘယ်နှစ်ယောက်လောက် ဒဏ်ရာ ရရှိတယ်ဆိုတာလည်း မသိရသေးပါဘူး။

မက်ဖရန်စစ်က သံသယရှိတဲ့ သေနတ်သမားဟာ အဝေးပြေးလမ်းမကြီးပေါ်ကို ပြေးသွားတဲ့ “မီးခိုးရောင်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဟစ်စပန်းနစ် အမျိုးသား” တဦးဖြစ်ပုံရတယ်လို့ ဆက်လက်ဖေါ်ပြထားပါတယ်။
ဒီသေနတ်သမား ဒါမှမဟုတ် သေနတ်သမားတွေဟာ ရဲတွေ အခင်းဖြစ်ပွားရာနေရာကို မရောက်ခင်မှာပဲ မရှိတော့ဘူးလို့ မူလက ပြောထားပေမယ့် နောက်ပိုင်းမှာတော့ သေနတ်ပစ်သမားဟာ တဦးတည်းသာ ဖြစ်တယ်လို့ ရေးထားတာကိုလည်း တွေ့ရပါတယ်။

အရေးပေါ်စီမံခန့်ခွဲရေး အရာရှိတွေကတော့ လူတွေကို ကက်စကိတ်ဒ် ဈေးဝယ်စင်တာရဲ့ အနီးအနားတ၀ိုက်မှာ မနေကြဖို့နဲ့ ကားမောင်းတဲ့သူတွေကိုလည်း အဓိကလမ်းတွေပေါ်ကနေ သွားကြဖို့ တိုက်တွန်းထားပါတယ်။
ဘာလင်တန်မြို့ဟာ စီရက်တယ်လ် မြောက်ပိုင်းရဲ့ ၆၅ မိုင် (၁၀၅ ကီလိုမီတာ) အကွာလောက်မှာ ရှိတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013