DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းဟု သမ္မတရုံး ပြော
DVB
·
September 24, 2016
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းဟု သမ္မတရုံး ပြော
1 / 2
Donate to DVB

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်နေတယ်လို့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“ကောင်းပါတယ်ခင်ဗျ။ ကောင်းတယ်။ သူ့ရဲ့ မူလ အစီအစဉ်တွေပေါ့။ သူ့ အစီအစဉ်တွေက လည်း များတယ်။ အဲ့ဒါတွေအတိုင်း ဆက်လုပ်နေပါတယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါ တယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ ဆရာဝန်က ခေတ္တအနားယူဖို့ အကြံပေးလို့  နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အုပ်စု အစည်းအဝေးပွဲကို မတက်နိုင်ဘူးလို့ ဗီအိုအေသတင်းမှာ ရေးသား ဖော်ပြပါ တယ်။

အစည်းအဝေးကို ဦးဆောင်ပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး နေကောင်းပါစေလို့ စည်းဝေးပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် အပါအ၀င် အမေရိကန်၊ ဥရောပ၊ အာဆီယံနိုင်ငံ တွေပါဝင်တဲ့ ကိုယ်စားလှယ်တွေတက်ရောက်တဲ့ ဒီအစည်းအဝေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ ဖွင့်လှစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဗြိတိန်နဲ့အမေရိကန် ခရီးကို စက်တင်ဘာ ၂၆ရက်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013