DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးဂိုဏ်း ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်မှုဖြစ်၊ ရေခဲသေတ္တာထဲ ၆ ပိုင်းပိုင်းထားသည့်အလောင်း တွေ့
DVB
·
September 24, 2016
မူးယစ်ဆေးဝါးဂိုဏ်း ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်မှုဖြစ်၊ ရေခဲသေတ္တာထဲ ၆ ပိုင်းပိုင်းထားသည့်အလောင်း တွေ့
1 / 2
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စုခိုဗစ် ၅၆ လမ်း ရှိအဆောက်အဦတခုအတွင်း ပတ်စပို့တ်အတုနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတခုကို ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတဦးဒဏ်ရာ ရရှိခဲ့တဲ့အပြင် ၆ ပိုင်းပိုင်းထားတဲ့ လူသေအလောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။

1999265စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့ ပရာခနွန်ခရိုင် ၅ ထပ်အဆောက်အဦ ရဲ့ မြေညီထပ်မှာ ရဲအဖွဲ့ဝင် ၉ ဦးဟာ သတင်းအရ ပတ်စပို့တ်အတုလုပ်ငန်းနဲ့ မူးယစ်ဆေးဝါး ဂိုဏ်းကို ဖမ်းဆီးဝရမ်းနဲ့ ရှာဖွေစဉ် နိုင်ငံခြားသားမှ စတင်ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိ ကန်ချနဖုန်ချီဒဲ့ ဒဏ်ရာရှိခဲ့ပါတယ်။ ဒါ့အပြင် ရဲတွေက အဆောက်အဦအတွင်း သက်သေခံပစ္စည်းရှာဖွေစဉ် သော့ခတ်ပိတ်ထားတဲ့ ရေခဲသေတ္တာထဲ ကနေ ၆ ပိုင်းပိုင်းထားတဲ့ နိုင်ငံခြားသား လူသေအလောင်း ၁ နဲ့ ခေါင်းအပြတ်တခုကို ပလတ်စတစ်အိတ်အမဲနဲ့ ထည့်ထားတာကို တွေ့ရှိခဲ့တာပါ။

လူသေအလောင်း ရှာမတွေ့ခင် ဗြိတိန်နိုင်ငံသား ၁ ဦး၊ အမေရိကန်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ကို ရဲတွေက ဖမ်းဆီးခဲ့ပြီး သေနတ်သုံးလက်လည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

အခုဖမ်းဆီးခံထားရသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လူဝန်မှုကြီးကြပ်ရေး ဝန်ထမ်း တွေက စုံစမ်းဆဲဖြစ်ပြီး အခုထိဘယ်သူတွေဆိုတာ မသိရှိသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသား ၂ ဦးကတော့ အိမ်အကူလင်မယားဖြစ်ပြီး အမှုကျူးလွန်တဲ့ သူတွေအထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံသား အိမ်အကူလင်မယားက “အခုဂိုဏ်းဟာ ဒီအခန်းမှာ ငှားရမ်းနေထိုင်တာ ၃ လသာ ရှိသေးကြောင်း သူတို့အနေနဲ့ တပတ်ကို ၂ ကြိမ် ၃ ကြိမ် အိမ်သန့်ရှင်းရေး လာရောက်လုပ်ရကြောင်း သူတို့ ပထဦးဆုံး အလုပ်လုပ်တဲ့ နေ့ကတည်းက လူသေ အလောင်းထည့်ထားတဲ့ ရေခဲသေတ္တာကို မြင်ပေမယ့် သော့အမြဲခတ်ထားတာကြောင့် ဘယ်တော့မှ ရေခဲသေတ္တာအထဲကို မကြည့်ခဲ့ကြောင်း ပြောခဲ့တယ်”လို့ ပြောပါတယ်။

ရဲတွေက စုံစမ်းရှာဖွေစဉ်အတွင်း လူထုအနေနဲ့ ဘာမှ မစိုးရိမ်ဖို့လည်း ပြောကြားခဲ့ပါတယ်။ အမေရိကန် အာဏာပိုင်တွေကလည်း ဒီအမှုကို စိတ်ဝင်စားကာ စုံစမ်းရှာဖွေမှုကို ပူးပေါင်းနိုင်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013