DVB Logo
Home
မြန်မာသတင်း
စစ်တပ်သိမ်းမြေများ ပြန်ရရှိရေး ဖယ်ခုံဒေသခံ ၁၀၀၀ ကျာ် ဆန္ဒပြ
DVB
·
September 23, 2016
စစ်တပ်သိမ်းမြေများ ပြန်ရရှိရေး ဖယ်ခုံဒေသခံ ၁၀၀၀ ကျာ် ဆန္ဒပြ
1 / 4
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ အစိုးရစစ်တပ်က သိမ်းယူထားတဲ့ မြေယာတွေ ပြန်ရရေး အတွက် ဒီကနေ့မနက်က ဒေသခံပေါင်း ၁၀၀၀ ကျော် စုရုံး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သိမ်းယူထားတဲ့ မြေတွေကို ပြန်စွန့်လွှတ်ပေးမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြီးခဲ့တဲ့ ၂၀၁၅ က ထုတ်ပြန်ထားပေမယ့်လည်း ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု က အသိမ်းခံထားရတဲ့မြေတွေ ခုထိပြန်မရသေးတဲ့အပြင် နောက်ထပ်အသိမ်းခံရမယ့် အခြေအနေ တွေ့နေရတာကြောင့် ဆန္ဒပြရတာလို့ ဆန္ဒပြမှုမှာ ကူညီဝိုင်းရံပေးနေတဲ့ ကိုကျော်ထင်အောင်က ပြောပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ ၂၄၁ ဧကကို ပြန်လည်ပြီးတော့မှ စွန့်လွှတ်တ ယ်ဆိုတာ ထုတ်ပြန်ထားတယ်၊ သို့သော် ပေးကားပေး၏မရ ဆိုတဲ့ အနေအထားကနေ ကျော်လွန်ပြီးတော့မှ အခုက လူနေရပ်ရွာတွေကို ထပ်မံပြီးတော့မှ ၂၀၁၆ ဇူလိုင်လမှာ တိုင်းတာ သတ်မှတ်တယ်။ နဂိုမြေတွေမရတဲ့အပြင်ကို တပ်တွေမရှိခင်ကတည်းက ရှိခဲ့တဲ့ လူနေရပ်ရွာ ဘာသာရေးအဆောက်အအုံ သင်္ချိုင်းမြေတွေပါ တိုးချဲ့တိုင်းတာလိုက်တယ်။ အဲဒါကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ် ။”

အမှတ် ၄၂၂ တပ်ရင်းက သိမ်းယူထားတဲ့ မြေ ၂၄၁ ဧကဟာ မိုးဗြဲကျေးရွာ အုပ်စုထဲမှာရှိပြီး တောင်သူ ၈၂ ဦးရဲ့ပိုင်ဆိုင်တဲ့ မြေတွေဖြစ်ပါတယ်။

စစ်တပ်မြေအဖြစ် အလံတိုင်စိုက်ပြီး ထပ်မံတိုင်းတာခြင်းခံထားရတဲ့ မြေတွေကတော့ သစ်ယာ ကုန်း၊ သာယာကုန်းနဲ့ မိုးဗြဲရွာရပ်ကွက် ၂ အပိုင်းထဲမှာပါ ပါဝင်ပြီး အိမ်ခြေ ၁၇၀ ပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

စွန့်လွှတ်မြေတွေပြန်ရရေးနဲ့ စစ်တပ်ရဲ့ နောက်ထပ်မြေတိုင်းထွာမှုတွေ အပေါ်ကန့် ကွက်စာကို ရွာသားတွေက ပြီးခဲ့တဲ့ ဇူလိုင်လမှာ လွှတ်တော်ကိုယ်စားလှယ်၊ ဖယ်ခုံမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုသာမက၊ နယ်မြေခံစစ်တပ်ကို သွားရောက်ပေးအပ်ခဲ့ပေမယ့် ထူးခြားမှုမရှိတာကြောင့် ဆန္ဒပြခဲ့ကြတာပါ။

ဓာတ်ပုံ - Khun A-Than

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013