
ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေး အပါအဝင် ကျယ်ပြန့်တဲ့ကိစ္စရပ်တွေမှာ အပြန်အလှန်ထောက်ခံဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မေ ၁၉ ရက်မှာ စမဲ့ တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောလိုက် ပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးဟာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုအဆင့်က ‘မကြုံစဘူး’ အဆင့်ထိ ရောက်နေပြီလို့ ပူတင်က မေ ၂၀ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ပြောခဲ့တာပါ။
နိုင်ငံတွေဟာ အပြန်အလှန် အကျိုးရှိပြီး တန်းတူညီမျှမှု အခြေခံမူတွေပေါ်မှာ ပူးပေါင်းဆောင်ရွက်ဖို့၊ အချုပ်အခြာအာဏာနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး ကာကွယ်ရေး အပါအဝင် ၂ နိုင်ငံရဲ့ အဓိက အကျိုးစီးပွားတွေကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေမှာ အပြန်အလှန်ထောက်ပံ့ဖို့ အသင့်ရှိနေတယ်လို့ ပူတင်က ပြောပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့က စီးပွားရေး၊ နိုင်ငံရေးနဲ့ ကာကွယ်ရေးနယ်ပယ်တွေမှာ ဆက်ဆံရေးကို တက်တက်ကြွကြွ တိုးချဲ့နေတယ်လို့လည်း ပူတင်က ပြောပါတယ်။
ရုရှားနဲ့ တရုတ်အစိုးရတို့အကြား နီးကပ်ပြီး မဟာဗျူဟာမြောက်တဲ့ ချိတ်ဆက်မှုဟာ ကမ္ဘာလုံး ဆိုင်ရာ ဆက်ဆံရေးမှာ တည်ငြိမ်တဲ့ အခန်းကဏ္ဍကနေ ပါနေတယ်လို့လည်း ထပ်လောင်း ပြောခဲ့ ပါတယ်။
“ကျနော်တို့ဟာ ဘယ်သူ့ကိုမှ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ တကမ္ဘာလုံး ကြွယ်ဝချမ်းသာရေးအတွက် လုပ်ဆောင်နေပါတယ်” လို့လည်း ပူတင်က ပြောပါတယ်။
Source: Reuters










