DVB Logo
Home
မြန်မာသတင်း
ကမ္ဘာပေါ်တွင် မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တောင်ငုံး ရင်မဲငှက်မျိုးစိတ် (ဓာတ်ပုံ)
DVB
·
September 23, 2016
ကမ္ဘာပေါ်တွင် မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တောင်ငုံး ရင်မဲငှက်မျိုးစိတ် (ဓာတ်ပုံ)
1 / 4
Donate to DVB

မြိတ်မြို့မှာ  စက်တင်ဘာ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါး အခြေအနေရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဇီဝမျိုးကွဲထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲမှာ ရှားပါး တောင်ငုံးရင်မဲ (Gurney`s Pitta) ငှက်မျိုးစိတ်ဟာ တနင်္သာရီတောင်ပိုင်းဒေသ အတွင်းမှာသာ ကျန်တော့တယ်လို့ ငှက်ပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာပေါ်မှာ ရှားပါးမျိုးစိတ် တမျိုးဖြစ်တဲ့ တောင်ငုံးရင်မဲ (Gurney`s Pitta) ငှက်မျိုးစိတ်ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအတွင်းမှာသာ ကျန်တော့ကြောင်း တောင်ငုံး ရင်မဲငှက်တွေ နေထိုင်ကျက်စားရာ မြေပြင်အနေအထားနဲ့ ဂေဟဗေဒဆိုင်ရာ လေ့လာသူ (FFI) မှ ဦးနေမျိုးရွှေက ပြောပါတယ်။

တောင်ငုံးရင်မဲ (Gurney`s Pitta) ဒေသအခေါ် တီးတူးငှက်ဟာ  တီကောင်၊ ပိုးမွား၊ ခရု အစရှိသည်တို့ကို ရှာဖွေစားသောက်တတ်ခြင်း၊ အမြဲစိမ်းတောနဲ့  ရွက်ပြတ်ရောနှော တောတွေဖြစ်တဲ့  ချောင်းစပ်နား စလူတောတွေက သစ်ပင်တွေမှာ  နေထိုင်ကျက်စားပြီး  ဧပြီလနဲ့ ဇူလိုင်လအတွင်းပဲ မျိုးပွားနိုင်ကြပါတယ်။

ဥ ‘ဥ’ ရင်လည်း  ၃ လုံးမှ ၅ လုံးခန့် ဥချလေ့ရှိပေမယ့်  ၁ လုံးလောက်ပဲ  သားပေါက် ရှင်သန်နိုင်ကြပါတယ်။

တောင်ငုံးရင်မဲ (Gurney`s Pitta) ငှက်မျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ  မျိုးသုန်း ပျောက်ကွယ်လုနီးပါးရှိနေတာကြောင့်  လက်ရှိအချိန်မှာ အစိုးရ၊ NGO နဲ့ ဒေသခံတွေက အရေးတကြီးထိန်းသိမ်းသွားဖို့ လိုအပ်နေပြီးဖြစ်ကြောင်း ပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးတွင် ငှက်အမျိုးအစား ၁၁၀၀ ကျော်ပြီး၊ တနင်္သာရီတိုင်းဒေသမှာတော့ ငှက်အများအစား  ၆၀၀ လောက်  ရှိပါတယ်။

အဲဒီထဲက  ရှားပါးမျိုးစိတ် ၁၃၄ မျိုးရှိပြီး၊ မျိုးသုဉ်းလုနီးပါးအခြေအနေရှိတဲ့ ငှက်အမျိုးအစားမှာ ၁၀ မျိုးကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013