DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် အားထုတ်မှုဖြစ်ပွား
DVB
·
September 23, 2016
မိုးညှင်းတွင် ၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် အားထုတ်မှုဖြစ်ပွား
Donate to DVB

အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်ဖို့ အားထုတ်မှု စက်တင်ဘာလ ၂၁ ရက်နေ့က မိုးညှင်းမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်မှာ စက်တင်ဘာလ ၂၁ ရက် ၁၁ နာရီချိန်က အသက် ၄ နှစ်အရွယ် မချိန်ယို့ကို အသက် ၃၃ နှစ်အရွယ် လျှိုစန်း (ခေါ်)လျှိုဟန်ကျင်းက သားမယားအဖြစ်ပြုကျင့်ရန် အားထုတ်သည်ဟုဆိုကာ သမီးငယ်ရဲ့ အဖေဖြစ်သူက မိုးညှင်းမြို့မရဲစခန်းမှာ စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီခွဲအချိန် လာရောက်တိုင်ကြားခဲ့ပါတယ်။

သမီးငယ်မချိန်ယို့ကိုရဲ့ဖခင် ဦးချိန်ဖူရှင်းဟာ နေအိမ်မှာရှိနေစဉ် မျက်နှာချင်းဆိုင် လျှို့စန်းရဲ့နေအိမ်မှ ဗွီဒီယိုကြည့်ပြီး ပြန်လာခဲ့တဲ့သမီးဖြစ်သူ မချိန်ယို့ကိုက သူမရဲ့မိန်းမကိုယ် နာကျင်နေကြောင်း ဖခင်ကိုပြောတဲ့အတွက် ဖခင်ကကြည့်ရှုရာ နီရဲရောင်ရမ်းနေသဖြင့် မေးမြန်းခဲ့ပါတယ်။

သမီးငယ်က အိမ်ရှေ့အိမ်မှ လျှို့စန်းဆိုသူကဗွီဒီယိုကြည့်နေ စဉ်၎င်း၏ပေါင်ပေါ်သို့ အထိုင်ခိုင်းပြီး အောက်မှလိင်တံဖြင့် ထိုးကြောင်းပြောပြသိရှိရတဲ့အတွက် လူမှုရေးအရ လာရောက်ဆွေးနွေးဖို့ ခေါ်ယူညှိနှိုင်းသော်လည်း ပြေလည်မှုမရရှိတဲ့အတွက် တိုင်ကြားခဲ့ တယ်လို့ သိရပါတယ်။

မိုးညှင်းမြို့နယ်ရဲစခန်းမှ (ပ)၁၃၄/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁နဲ့ ဒုရဲအုပ် ကြည်စိုးက အမှုဖွင့်အရေးယူ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013