DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လူ ၄၀ နီးပါး အစာအဆိပ်သင့်
DVB
·
September 23, 2016
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လူ ၄၀ နီးပါး အစာအဆိပ်သင့်
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း နန့်ခရိုင် နန့်မြို့ပ်ါမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကုန်တိုက်ကြီးတခုမှ ရောင်း ချတဲ့ပေါင်မုန့်ကို စားသုံးမိသူ လူပေါင်း ၄၀ နီးပါး အစာအဆိပ်သင့်ခဲ့တယ်လို့  မန်နေဂျာအွန်လိုင်း  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ညက စပြီး ၂၀ ရက်နေ့ထိ နန့်ခရိုင်ရှိ ဆေးရုံဆေးပေးခန်းတွေမှာ  မူးဝေ၊ အော့အန်၊ ၀မ်းသွား စတဲ့လက္ခဏာချင်း ဆင်တူတဲ့ လူနာတွေ တဖွဲဖွဲရောက်လာကြတယ်လို့  နန့်ခရိုင် လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာဖုန်းထစ်ပ် ၀ုန်းဝပ်ချရဖိုင်းဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။

အစာအဆိပ်သင့်သူပေါင်း ၃၉ ဦးရှိပြီး အသက် ၁ နှစ်ရွယ်ကလေးမှ ၈၀ ကျော်လူအိုထိ အရွယ်စုံပါဝင်ကြောင်း၊ သူတို့တွေဟာ  နန့်မြို့ပေါ်ရပ်ကွက်နဲ့ ဖူးဖိင်း၊ ဘန့်လုန်၊ မဲ့ကျရိန်း၊ ဆန်တိဆုခ်၊ ချိန်းကလန်စတဲ့ မြို့နယ်တွေကဖြစ်ကာ    ဆေးရုံမှ ဆေးနဲ့ ဓာတ်ဆားရည်တွေ တိုက်ကျွေးခဲ့ပြီး ဝေဒနာ မပြင်းထန်ဘူးလို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အစာအဆိပ်သင့်သူတွေဟာ  ထောပတ်တွေ၊ ယိုတွေ ထည့်သွင်းထားတဲ့ အေခဲ (A Care) အမှတ်တံဆိပ် အစာသွပ်ပေါင်မုန့် စားခဲ့တဲ့သူတွေဖြစ်ပြီး အဲဒီပေါင်မုန့်ကို မက်ခရိုကုန်တိုက်ကြီးမှာရော ကုန်တိုက်ကနေတဆင့် ပြန်ရောင်းချတဲ့ ဈေးဆိုင် တွေမှာပါ ၀ယ်ယူ စားသုံးခဲ့တာလို့ ဆိုပါတယ်။

သက်ဆိုင်ရာက မက်ခရိုကုန်တိုက် မန်နေဂျာနဲ့ မုန့်ထုတ်လုပ်တဲ့ ကုမ္ပဏီကိုပါ ခေါ်ယူမေးမြန်းပြီး မုန့်ဖုတ်တဲ့နေရာတွေကိုလည်း သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အဖြေကို ၇ ရက်ကြာမှ သိရှိရမှာဖြစ်တဲ့အတွက် အဲဒီမတိုင်ခင်အထိ မုန့် ထုတ်လုပ်မှုတွ ဆိုင်းငံ့ထားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

အစာအဆိပ်သင့်သူများအားလုံးအတွက် ဆေးဖိုးဝါးခတွေကို မက်ခရိုကုန်တိုက်က တာဝန်ယူပေးချေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013