DVB Logo
Home
မြန်မာသတင်း
တရားမဝင်သစ်တင် ဒိုင်နာကား မြောင်းထဲပြုတ်ကျ၊ ၂ ဦး ဒဏ်ရာရ
DVB
·
September 23, 2016
တရားမဝင်သစ်တင် ဒိုင်နာကား မြောင်းထဲပြုတ်ကျ၊ ၂ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

မွန်ပြည်နယ် သထုံကနေ ကရင်ပြည်နယ် ဘားအံကို တရားမ၀င်သစ်တွေတင်ပြီး မောင်းနှင်လာတဲ့ ကုန်တင်ကားတစီးဟာ မနေ့က တန် ၄၀၀၀ ဘိလပ်မြေ စက်ရုံရှေ့ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ချောင်းထဲ ပြုတ်ကျလို့  လူ ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။

သစ်တင်မော်တော်ယာဉ်ဟာ ရှေ့က မော်တော်ယာဉ်ကို အရှိန်နဲ့ကျော်တက်ဖို့ ကြိုးပမ်းချိန်မှာ ဘားအံဘက်မှ မောင်းနှင်လာတဲ့ ကားနဲ့ မျက်နာချင်းဆိုင်မိရာက  ဆွဲချရှောင်တိမ်းခဲ့ပြီး အရှိန်ပြန်မထိန်းနိုင်ဘဲ အခုလို ချောက်ထဲ ထိုးကျတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒဏ်ရာရထားတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ဘားအံမြို့ ပြည်သူဆေးရုံမှာ အရေးပေါ်ဆေးကုသ ခံယူနေတယ်လို့ မြိုင်ကလေးရဲစခန်းက ပြောပါတယ်။

“သူ့ကား ချောက်ထဲကျတော့ တင်လာတဲ့ ခွဲစိတ်ထားတဲ့ ခွဲသားချောင်းတွေကလည်း လွင့်စဉ်ထွက်ကျတယ်။ ခု သူက ယာဉ်ကို မဆင်မခြင် မောင်းနှင်တာရယ် သစ်တွေ တရားမ၀င် တင်လာတာ တွေ့တယ်။ လောလောဆယ် ယာဉ်မောင်းကို (ပ)၉၂၊ ၃၃၈နဲ့ အရေးယူဆောင်ရွက် ထားပါတယ်။ တရားမ၀င် သစ်သယ်ဆောင်မှုကတော့ သစ်ေတာက အရေးယူ ဆောင်ရွက်မှာပါ” လို့ မြိုင်ကလေး စခန်းမှူး ဦးဝင်းနိုင်က ပြောပါတယ်။

သတင်း - စောအယ်လ်ဒီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013