DVB Logo
Home
မြန်မာသတင်း
ပဲနွယ်ကုန်းမြို့တွင် လူတိုက်ပြီး ထွက်ပြေးသည့်ကား နာရီပိုင်းအတွင်းဖမ်းမိ
DVB
·
September 23, 2016
ပဲနွယ်ကုန်းမြို့တွင် လူတိုက်ပြီး ထွက်ပြေးသည့်ကား နာရီပိုင်းအတွင်းဖမ်းမိ
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း နယ်မြေရဲစခန်းအပိုင်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ည ၇ နာရီခွဲခန့်က လမ်းဖြတ်ကူးသူ အမျိုးသားတဦးအား ၆ ဘီးယာဉ်မှ ၀င်တိုက်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၁/၀ နဲ့ ၁၂၁/၁ တပင်ရွှေထီး ရပ်ကွက် အနီး ကားလမ်းရဲ့ အနောက်ဘက်ခြမ်းမှ အရှေ့ဘက်သို့ လမ်းဖြတ်ကူးနေသူ အေးဝင်း ၄၅ နှစ်၊ (ဘ)ဦးညိုကြီး ဇလုပ်ကြီးကျေးရွာနေသူအား ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်မှာ နေသူထိုင်တဲ့ ယာဉ်မောင်း ဘိုဘိုစိုး မောင်းနှင်းလာသော ဒိုင်နာ (ကိုယ်ထည်မပါ/ နံပါတ်ပြားမပါ၊ လိုင်စင်စိစစ်ဆဲ) အဖြူရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ရာ အေးဝင်းမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ရပြီး သေဆုံးသူတွင် ဝဲခြေကျင်းဝတ်ပေါက်ပြဲ၊ ဝဲဒူးအောက် ခြေသလုံးကြွက်သားပေါက်ပြဲ၊ နှာခေါင်း ပေါက်ပြဲ၊ နားသွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

"ကားကတိုက်ပြီး မောင်းပြေးတာဗျ။ နံပါတ်မပါတဲ့အပြင် ညဘက်ဆိုတော့ ပိုမှတ်ရ ခက်တာပေါ့။ ဒါပေမယ့်သဲလွန်စလေးတော့ ကျန်နေခဲ့လို့တော်သေးတာပေါ့။ ယာဉ်ကိုတော့ ကညွတ်ကွင်းရောက်ခါနီးမှာ ပြန်မိတယ်လို့တော့ကြားတယ်။ အရမ်းမောင်းပြီးတိုက်တယ်။ တိုက်ပြီးထွက်ပြေးတာတော့ မကောင်းဘူးပေါ့။ ပြီးတော့ ယာဉ်မောင်းက အရက်သောက် ထားတယ်လို့တောင်ကြားတယ်" လို့ နယ်ခံတဦးက ပြောပါတယ်။

ယာဉ်မှာရှေ့လေကာမှန်ကွဲ ဦးခေါင်းပိန်ချိုင့်ပျက်ဆီးခဲ့ရပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေရဲစခန်းမှယာဉ်(ပ)၂၂/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၀၄-(က)နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013