DVB Logo
Home
မြန်မာသတင်း
သမ္မတဂုဏ်ပြုလွှာ ဦးဆွေဝင်းကို ပေးအပ်
DVB
·
September 23, 2016
သမ္မတဂုဏ်ပြုလွှာ ဦးဆွေဝင်းကို ပေးအပ်
1 / 7
Donate to DVB

နိုင်ငံတော်သမ္မတဦးထင်ကျော်က Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းကို ပေးအပ်တဲ့ ဂုဏ်ပြုလွှာအား သမ္မတကိုယ်စား ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ဒီနေ့မနက်ပိုင်းက ပေးအပ်လိုက်ပါတယ်။

သတင်းထောက် ဦးဆွေဝင်းဟာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ လမ်း ၄၀ (အထက်ဘလောက်)ရှိ အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ မိန်းကလေးငယ် ၂ ဦးကို ညှဉ်းပန်းနှိပ်စက်မှုကိစ္စအား စုံစမ်းဖော်ထုတ် သတင်းရယူခဲ့ရာမှာ လူမှုရေး အသိစိတ်ဓာတ် နဲ့ လုံခြုံရေးနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စုံစမ်းဖော်ထုတ် သတင်းယူခဲ့လို့ သမ္မတက ဂုဏ်ပြုလွှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မနက် ပြန်ကြားရေးဝန်ကြီးရုံးမှာပြုလုပ်ခဲ့တဲ့ ဦးဆွေဝင်းအား ဂုဏ်ပြုပွဲမှာ သူက သူ့ကို အခုလို ဂုဏ်ပြုတာဟာ အစိုးရသစ်ရဲ့ တရားမျှတမှုလိုလားချက်ကို ဖော်ထုတ်ပြသတာပဲလို့ ပြောခဲ့ ပါတယ်။

“ဒီဂုဏ်ပြုမှတ်တမ်းလွှာက ဘာကို ပြနေသလည်းဆိုတော့ အစိုးရသစ်က တရားမျှတမှုကို မြတ်နိုးတဲ့အစိုးရ မတရားမှုကို ရွံ့ရှာစက်ဆုပ်တဲ့ အစိုးရ ဥပဒေစိုးမိုးရေး ဥပဒေမဏိုင်ကို ခိုင်ခံ့အောင်လုပ်ချင်တယ်ဆိုတဲ့ ဆနတွေကို အမှန်တကယ် ဆောင်ရွက်ချင်တဲ့ဆနတွေ ရှိတယ်ဆိုတာကို ဖော်ထုတ်တယ်လို့ ပြောကြားလိုပါတယ်။”

ကျောက်တံတား ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်လို့ သမ္မတရုံးက မနေ့က ထုတ်ပြန်တဲ့ သတင်းထဲမှာ သတင်းပေး တိုင်ကြားမှု ပြုလုပ်ခဲ့တဲ့ တာဝန်သိ ပြည်သူတဦးအား လုံခြုံရေးအရ စောင့်ရှောက်ကာကွယ်မှုများ ဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားတယ်လို့ ဖော်ပြခဲ့ပြီး ဦးဆွေဝင်းရဲ့ လုံခြုံရေး ယူပေးထားပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013