DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် တရားမဝင်ထင်းရှူးသစ်များ ဖမ်းမိ
DVB
·
September 23, 2016
ညောင်လေးပင်မြို့နယ်တွင် တရားမဝင်ထင်းရှူးသစ်များ ဖမ်းမိ
1 / 9
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံရှေ့မှာ တရားမဝင်သစ်တောထွက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ၆ ဘီးယာဉ် ၂ စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံရှေ့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမှာ တရားမဝင် ထင်းရှူးသစ်တွေ တင်ဆောင်လာတဲ့ ၆ ဘီးယာဉ် ၂  စီးနဲ့ လူ ၂ ဦးကို စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း ညောင်လေးပင်မြို့နယ် ရဲအုပ်ဝင်းထွဋ်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ညောင်လေးပင်မြို့နယ် ရဲစခန်းနဲ့ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက သတင်းအရ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမှာ ရပ်တန့်စစ်ဆေးရာ ယာဉ် ၂ စီးပေါ်မှာ သရက်သီးသေတ္တာတွေ၊ ခရမ်းသီးအိတ်တွေအောက် ဝှက်ပြီးသယ်လာတဲ့ ကျပ်ငွေ ၅၁ သိန်းဖိုးခန့် တန်ဖိုးရှိ ပီနံအိတ် ၁၂၆ အိတ်နဲ့ ထည့်ထားတဲ့  ထင်းရှူးခွဲခြမ်းသားတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

တရားမဝင်ထင်းရှူးသစ်တွေ သယ်ဆောင်လာသူ နှစ်ဦးဖြစ်တဲ့ ဦးမြင့်စိုးနဲ့ ဦးငွေစိုးတို့ကို သစ်တောဥပဒေ ပုဒ်မ ၄၂ ( ခ ) တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013