DVB Logo
Home
မြန်မာသတင်း
အိမ်အကူ ၂ ဦးအား ညှဉ်းပန်းနှိပ်စက်ခဲ့သူများကို အမြန်ဆုံးအရေးယူပေးရန် ၈၈ မျိုးဆက် တောင်းဆို
DVB
·
September 23, 2016
အိမ်အကူ ၂ ဦးအား ညှဉ်းပန်းနှိပ်စက်ခဲ့သူများကို အမြန်ဆုံးအရေးယူပေးရန် ၈၈ မျိုးဆက် တောင်းဆို
Donate to DVB

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူအမျိုးသမီးငယ် ၂ ဦးအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်မှာ ကျူးလွန်ခဲ့သူတွေနဲ့ တာဝန်ရှိသူတွေအားလုံးကို နိုင်ငံတော်အစိုးရအနေနဲ့ ထိရောက်စွာ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ၈၈ မျိုးဆက်အဖွဲ့က ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၃ လက ဖြစ်ပွားခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် အိမ်ဖော်အမျိုးသမီးငယ် ၂ ညှဉ်းပန်းနှိပ်စက်ခံရမှုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖြေရှင်းခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား မကျေနပ်စရာ ရလဒ်အဖြစ် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ကြောင်း၊ ညှိနှိုင်းဖြေရှင်းမှုမှာ ငွေကြေးလျော်ကြေး တစုံတရာပေးစေရုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇ၀တ်မှုတွေကို ကွယ်ပျောက်စေခြင်းမျိုး မည်သည့်အခါမှ ခွင့်မပြုထိုက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စက်တင်ဘာ ၂၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး အခုလို တောင်းဆိုလိုက်တာပါ။

ပြည်သူရွေးချယ်တဲ့ အစိုးရသစ်က လူ့အခွင့်အရေးတွေကို ကာကွယ်တိုးမြှင့်ဖို့ လုပ်နေချိန်၊ နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်းမြင် ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေချိန်တွေမှာ အခုဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇ၀တ်မှုအပေါ် လူ့အခွင့်အရေးကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာ နိုင်ငံတော်ရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013