DVB Logo
Home
မြန်မာသတင်း
ကျောက်တံတားကလေးများ ညှဉ်ပန်းနှိပ်စက်ခံရမှု သမ္မတရုံး အလေးထား စောင့်ကြည့်
DVB
·
September 22, 2016
ကျောက်တံတားကလေးများ ညှဉ်ပန်းနှိပ်စက်ခံရမှု သမ္မတရုံး အလေးထား စောင့်ကြည့်
Donate to DVB

နိုင်ငံတော်သမ္မတရုံးအနေနဲ့ ကျောက်တံတားမြို့နယ်အတွင်း ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှု အခြေအနေများကို အလေးထား စောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးသတင်းထုတ်ပြန်ချက်ထဲမှာ ညှဉ်းပန်း နှိပ်စက်ခြင်း ခံခဲ့ရတဲ့ ကာယကံရှင်များ၊ မိသားစုဝင်များနဲ့  သတင်းပေး တိုင်ကြားမှု ပြုလုပ်ခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦးတို့အား လုံခြုံရေးအရ စောင့်ရှောက်ကာကွယ်မှုများ ဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများ လုံခြုံစွာ နေထိုင်နိုင်ရေးနဲ့  ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးအားပေးမှုများ ဆောင်ရွက်ပေးရန် သမ္မတရုံးက  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနသို့ ညွှန်ကြားထားပါတယ်။

အလားတူ သမ္မတရုံးအနေနဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများရဲ့ အရေးယူ ဆောင်ရွက်ခဲ့ပုံ အသေးစိတ် အခြေအနေများကို တင်ပြရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ညွှန်ကြား ထားပါတယ်။

တခါ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှု အခြေအနေများကိုလည်း လေ့လာလျက်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီနေ့မှာပဲကျင်းပတဲ့ ပြည်သူ့လွှတ်တော်က ညှိနှိုင်းပေးခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့ကို အစိုးရက ထိထိရောက်ရောက် အရေးယူဖို့ အရေးကြီးအဆိုတင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013